Sep 01, 2022
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၅)ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု ထက်ဦးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Sep 01, 2022
ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
Sep 01, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၉ ရက်တွင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟားခါး-ဂန့်ဂေါကားလမ်း ကားကြီးကွင်းအတွင်း ဖလမ်းမြို့မှ ဟားခါးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားမဝင်သယ်ဆောင်လာသော အရက်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ချင်းဝိသေသတိုင်း အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 01, 2022
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ၂၁ရက်မှ စတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
Sep 01, 2022
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။
Sep 01, 2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက ကွန်ဟိန်းမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ တွေ့ဆုံသည်။
Sep 01, 2022
တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
Sep 01, 2022
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
Sep 01, 2022
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ၁၂ နှစ်အထက်အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။
Sep 01, 2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွေးမြူရေးခြံများမှထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd ၊ ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် အင်းတကော်မြို့ရှိ Royal GreenSmartCo., Ltd တို့မှ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများသို့ ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများက အော်ဂဲနစ်မြေဩဇာထုတ်လုပ်မှု အဆင့်ဆင့်၊ ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြသည်။
Sep 01, 2022
အမျိုးသားပြတိုက် (နေပြည်တော်) ၌ ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း နှစ်ခန်း ထပ်မံတိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
Sep 01, 2022
ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင်၌ ကျင်းပသည်။
Sep 01, 2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှု၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Sep 01, 2022
မျက်မှောက်ကာလတွင် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများမှာ လိုအပ်သောကုန်ပစ္စည်းများကို အမြဲအတက်ဈေးဖြင့် ဝယ်ယူသုံးစွဲနေရခြင်း ဖြစ်သည်။ လူသုံးကုန်၊ စားသုံးကုန် အထူးသဖြင့် ပြည်ပသွင်းကုန်ပစ္စည်းမျိုးစုံတို့မှာ တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းမြင့်မားလာခြင်းနှင့် ကြုံတွေ့နေရပေသည်။ အကျိုးဆက်မှာ ငွေကြေးဖောင်းပွမှုမြင့်မားလာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည်။
Sep 01, 2022
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စက်မှုဇုန်ပေါင်း ၂၉ခုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် လည်ပတ်လျက်ရှိသော စက်ရုံထောင်ပေါင်းများစွာတို့က နိုင်ငံတစ်ဝန်းလုံးမှ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများပင်ဖြစ်သည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်အလုပ်လုပ်ကိုင်နေကြသူများလည်း များစွာရှိသည်။ လှိုင်သာယာသည် စက်မှုမြို့ဟု ဆိုရလောက်အောင်ပင် လှိုင်သာယာစက်မှုဇုန်အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ် (၄)၊ အမှတ်(၆)၊ အမှတ် (၇)နှင့် လှိုင်သာယာစက်မှုဇုန် အမှတ်(၅)၊ ရွှေလင်ပန်းစက်မှုဇုန် စသည့် စက်မှုဇုန်များတည်ရှိပြီး အနယ်နယ်အရပ်ရပ်မှ အမျိုးသမီး၊ အမျိုးသား အလုပ်သမားများ သိန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။