Skip to main content

Oct 11, 2022

ဤကမ္ဘာမြေသည် လူသားနှင့်သက်ရှိသတ္တဝါများ အသက်ရှင်သန်ရပ်တည် နေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းထားသောဒြပ်ထုဖြစ်သည်။ သက်ရှိများအား  အကျိုးပြုသည့် ဤကမ္ဘာမြေသည် ပမာဏသတ်မှတ်ချက်တစ်ခုဖြင့် ဖြစ်တည်နေခြင်းဖြစ်သည်။ ကမ္ဘာမြေကြီးသည် နှစ်သန်းပေါင်းများစွာကြာအောင် လူသားများနှင့်သက်ရှိများအားလုံးအား အကျိုးပြုလျက်ရှိသည်။ လူသားများနှင့်သက်ရှိများအား အကျိုးပြုသည့် ဤကမ္ဘာမြေကြီးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို တင့်တယ်ခမ်းနား စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပပြီဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပမှုများ ရပ်ဆိုင်းသွားခဲ့သည့် ခြောက်နှစ်တာကာလပတ်လုံး ရတနာထုပ်ပျောက်ဆုံးသွားသည့်နှယ် နှမြောတသ ဝမ်းနည်းခံစားကြရကြောင်း ရိုးရာယဉ်ကျေးမှုချစ်မြတ်နိုးသူ အနုပညာရှင်ကြီးများက တညီတညွတ်တည်းဆိုကြပြီး ယခုနှစ်တွင်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲပြန်လည်ကျင်းပသည့်အပေါ် အထူးဂုဏ်ယူဝမ်းမြောက်ဝမ်းသာစွာဖြင့် ထောက်ခံအားပေးကြကြောင်း ကြားသိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူ သီလတည်ဆောက်ခြင်း၊ အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာများ၌ အပန်းဖြေခြင်းတို့ဖြင့် အထူး စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့များတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင် သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များ တွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စွယ်တော်ကြီးကားကြီးကွင်း အနီး၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မသင်္ကာဖွယ်ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ရေခဲသေတ္တာအဟောင်းအလုံး ၃၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသော NISSAN CONDOR MK37A TRUCK အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၄၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ည) တွင် “မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် အဆောက်အအုံများနှင့် ဝင်းခြံများကို သစ်ပင်၊ ချုံပင်များ ရှင်းလင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် သတ်မှတ်သော ဆေးရောင်များ သုတ်စေခြင်း၊ ဝင်းမခတ်သည့် ခြံမြေကို ဝင်းခြံခတ်စေခြင်း၊ ဟောင်းနွမ်းယိုယွင်းသည့် ဝင်းခြံကိုပြုပြင်စေခြင်း” ဟု လည်းကောင်း၊ ပုဒ်မခွဲ (ဋ)တွင် “ ပုဒ်မခွဲ (ည) အရ ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကိုပေးရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူထံ တောင်းဆိုခြင်း” ဟု လည်းကောင်း ပြဋ္ဌာန်းထားရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများ၊ အပန်းဖြေလည်ပတ်သူများနှင့် စည်ကားလျက်ရှိသည့် ဓာတ်ပုံမြင်ကွင်း

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှုကို မျိုးဆက်သစ်များ လေ့လာနိုင်ရန်၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ စက်မှုကဏ္ဍနှင့်ပတ်သက်၍ သင်ခန်းစာဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးရေးအတွက် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ပြုစုရေးဦးစီးကော်မတီ၊ အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ ပူးပေါင်းညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၂) ကို အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

အောက်တိုဘာ ၅ ရက်က မြဝတီ အာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ သဘင်အစည်းအရုံးဝင် မွန်ပြည်နယ်မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅) နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်ပြီး ထောက်ပံ့ငွေပေးအပ်၍ ကရုဏာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

သီတင်းကျွတ်အခါသမယတွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ကြွမြန်းလာသည်ကို ရည်မှန်း၍ ဆီမီးတန်ဆောင်ထွန်းညှိပူဇော်ခြင်းအမှုကို ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ညီညာရုံးစုကောင်းမှု အထူးပြုကြသည့် အချိန်ကာလဖြစ်သည်။ ဆီမီးထွန်းညှိပူဇော်ခြင်းကို အစဉ်အလာအားဖြင့် ပြုလုပ်ကြသလို ရဟန်းသံဃာများနှင့်စပ်လျဉ်း၍ သီတင်းကျွတ်ခြင်း၏ အနှစ်သာရကိုလည်း အလေးအမြတ်ထားရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယသည် မိုးရိပ်မိုးငွေ့တို့ မကုန်သေးသည့်တိုင် ခြေခင်းလက်ခင်းသာ စပြုပြီဖြစ်သည်။ မိုးဥတုနှင့်အတူ ဝါတွင်းသုံးလပတ်လုံး အနားမရခဲ့သမျှတို့ကို အတိုးချကာ သီတင်းကျွတ်ကာလ ရုံးပိတ်၊ ကျောင်းပိတ်ရက်တို့ စသည်နှင့် ကျောင်းကန်ဘုရားတို့တွင် စည်ကားသကဲ့သို့ ပွဲလမ်းသဘင်၊ ပျော်ပွဲရွှင်ပွဲတို့ဆီမှာလည်း ကြက်ပျံမကျအောင် စည်ကားမြဲဖြစ်သည်။ မြန်မာလူမျိုးတို့မှာ နှစ်တစ်နှစ်၏ ၁၂ လရာသီတွင် ရာသီအလိုက် လအလိုက် ကိုက်ညီဆီလျော်သည့် ပွဲတော်များကို ကျင်းပခဲ့ရာ ရာသီ ၁၂ လ ပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှု ပွဲတော်များပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူး ဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2022

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော် ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်