Skip to main content

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၆ ပါးတို့အား မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၆ ပါးတို့အား မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်၌ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာ နာယကဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့သီဟိုဠ်ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ ဩဝါဒါစရိယတိပိဋကဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်ကြီး၏ ပဓာနနာယကပစ္ဆာသမဏ၊ မဟာသဒ္ဓမ္မဇောတိကဓဇ မဟာမင်္ဂလဓမ္မဇောတိကဓဇ ပွင့်လင်းဆရာတော် ဘဒ္ဒန္တဝညိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်ထံမှ သာရဏီယဩဝါဒ ကထာနာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲတံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို ဥက္ကဋ္ဌ ဦးရဲထွန်းကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးဟန်မြင့်က မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ရခြင်းအကြောင်း ရှင်းလင်းလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။