Sep 03, 2022
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက် စနစ် (SMIS)ကို တည်ဆောက်နေ ပြီဖြစ်ကြောင်း၊ ယင်းစနစ်ပြီးစီးပါက Manual စနစ်မှ Digital platform တစ်ခုကို အသုံးပြုပြီး အကျိုးခံစားခွင့် ရှိသူများအနေဖြင့် Digital Payment နည်းလမ်းကို အသုံးပြုနိုင်ရေး အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Sep 03, 2022
၁။ ILO Website တွင် “ကြမ်းတမ်းသော အခက်အခဲကို ဖြတ်ကျော် ခြင်း- မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမား အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်း များ၏ ကြံ့ကြံ့ခံနိုင်မှု” (Riding out the storm: Organizational resilience of trade unions and civil society organizations following the military takeover in Myanmar) ခေါင်းစဉ်ဖြင့် ILO Brief တွင် လွှင့်တင်ထားသည်ကို တွေ့ရှိရပါသည်။
Sep 03, 2022
အရည်အသွေးကောင်းသည့် မြန်မာ့ဆန်များတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးကွက်သစ်များ ရှာဖွေရေး၊ ပြည်တွင်း၌ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 03, 2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စီစဉ်ကျင်းပသည့် တူယှဉ်နွှဲပျော်ဂီတ ပွဲတော် Season-2 သီချင်းဆို ပြိုင်ပွဲအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD ရုပ်သံလိုင်းတွင် ယနေ့ညမှစတင်၍ ဒီဇင်ဘာ ၃၀ ရက်အထိ အပတ်စဉ် သောကြာနေ့ ည ၉ နာရီအချိန်တိုင်းတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းနှင့် ယခုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Sep 03, 2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံ ပြိုင်ပွဲဖိတ်ခေါ်
Sep 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်မည်
Sep 03, 2022
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုံလင်စွာဖြင့် မတူညီသော ယဉ်ကျေးမှုများနှင့် အတူပေါင်းစည်းနေထိုင်ကြသည်။ လူမျိုးတစ်မျိုးစီတွင် ချစ်ခင်နှစ်လိုဖွယ်ရာ ဂုဏ်ယူစရာ ကောင်းသည့် ယဉ်ကျေးမှုအနုပညာရပ်များကို ပိုင်ဆိုင်ကြသည်။ ဒေသအလိုက် မတူကွဲပြားသည့် ယဉ်ကျေးမှုများမှာ မြတ်နိုးစရာဖြစ်သည်။ ရှေးအစဉ်အဆက်ကတည်းက ပေါ်ထွန်းခဲ့ပြီး ယနေ့ထက်တိုင်အောင် မြန်မာ့ ယဉ်ကျေးမှုအနုပညာများ တည်ထွန်းနေခြင်းသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းနေသောကြောင့်ဖြစ်သည်။
Sep 03, 2022
မကြုံစဖူး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းကြောင့် နိုင်ငံသူ နိုင်ငံသားပြည်သူ ၂၂ သန်းခန့်အတွက် စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးစသည်တို့ နိုင်ငံခြားမှ တင်သွင်းရန် အခက် အခဲဖြစ်ပေါ်နေသည့် သီရိလင်္ကာနိုင်ငံအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းခြင်းဖြင့် စာနာမှုကို ပြသလိုက်သည်။ ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ရပ်တွင် သီရိလင်္ကာနိုင်ငံ၌ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ပြည်သူတစ်သန်းခွဲအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်က ပြောကြားကြောင်း ဖော်ပြထားသည်။
Sep 02, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိ၊ ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
Sep 02, 2022
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အလေးထားဆောင်ရွက်လျက်ရှိရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ကြိုးပမ်း တိုက်ဖျက်လျက်ရှိသည့် အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သောကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအမြောက်အမြား ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားများ၌ နှစ်စဉ်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။
Sep 02, 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဧရာဝတီဘဏ်ခွဲ(၂၆)အား ဝင်ရောက်လုယက်ခဲ့သူ အမျိုးသားတစ်ဦးကို ဒုစရိုက်မှုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Sep 02, 2022
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
Sep 02, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 02, 2022
မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ တွင် ရန်ကုန်မြို့ရှိ Asia World Port Terminal ၌ ကျင်းပသည်။
Sep 02, 2022
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း(နေပြည်တော်) မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး Mr. Li Qigui တို့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 02, 2022
ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီးပါကလည်း လယ်ယာမြေများကို အလွတ်မထားဘဲ ရာသီသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးသွားရေးနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အုန္နဲကျေးရွာ၌ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။
Sep 02, 2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှု၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Sep 02, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ရုရှားနိုင်ငံတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေး ဖိုရမ်အတွက် မြန်မာ - ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေး အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးအား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တော်သလင်းလဆန်း (၁၁)ရက် (တနင်္လာနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
Sep 02, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၈ ရက်နှင့် ၃၁ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီကုန်သွယ်ရေးဇုန်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ကား အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၈၇၄၉၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 02, 2022
၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် ၃၁ ရက် ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပသည်။