Skip to main content

Mar 13, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်းရှိ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၆) သင်တန်းသားအိပ်ဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2023

နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးနယ်ပယ်အသီးသီးမှပညာရှင်များ ချစ်ကြည်ရင်းနှီးမှုရှိစေရန်နှင့် အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း သင်ကြားရေးနှင့်ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာရေးကဏ္ဍနယ်ပယ်စုံမှ ပညာရှင်များ ပါဝင်ဆင်နွှဲစေခြင်းဖြင့် ခေတ်မီဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်နေမှုများနှင့်ပတ်သက်၍ သိရှိနားလည်နိုင်စေရန်၊ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုစိတ်များဖြစ်ထွန်းစေရန်၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကို ကျင်းပနေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2023

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်ဖြစ်သည့် လမ်းမတော်မြို့နယ်တွင် ကွတ်ကီးမုန့်များအတွင်း ဆေးခြောက်များထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချသူနှစ်ဦးကို ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိခဲ့သည်။ ဤသည်မှာ လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထားကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွင် နောက်ဆုံးပေါ်ထွက်လာသည့် ပုံစံတစ်မျိုးဖြစ်ပြီး အခြားမူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချရာတွင်လည်း အိုင်တီနည်းပညာကိုအသုံးပြု၍ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများထံ ဆက်သွယ်ချဉ်းကပ်ဖွယ်ရှိသည်ဟု သတိပြုစရာပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၁-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၂-၃-၂၀၂၃)ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၃၇၁)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)၏ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ဒုတိယနေ့အဖြစ် ယနေ့ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တို့အတွက် သုံးနှစ်စာစုပေါင်းကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို မတ် ၁၀ ရက်က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် “မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းထက် မြန်မာ့ရုပ်ရှင်လောကကြီးစင်မြင့်ပေါ် ပြန်လည်ရောက်ရှိရန်အရေးကြီးကြောင်း၊ ရုပ်ရှင်လောကကြီးပြန်လည်အသက်ဝင်လှုပ်ရှားရန် အချိန်အခါရောက်ပြီဖြစ်ကြောင်း။” ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာသို့သွားရောက်ပြီး သဇင်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားအသင်းသူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်း ဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသောတပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေး အဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများကို ဆေးရုံရေယာဉ်ပေါ်၌ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ် ကြသည်။ ထို့နောက် အဆိုပါလူနာများကို မာန်အောင်မြို့ဆိပ်ကမ်းသို့တပ်မတော် ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း လုံခြုံရေး တာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

World Engineering Day 2023 အထိမ်းအမှတ်အဖြစ် AAET Distinguished Lecture for the Commemoration of World Engineering Day 2023 အခမ်း အနားအား AAET အဖွဲ့ကြီး၏ခွင့်ပြုချက်ဖြင့် AAET Country Operation Unit Of Myanmar မှ ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီရုံး၌ Online Zoom Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေကို သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နေပြည်တော်တိုးဂိတ်သို့ရောက်ရှိပြီး ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးကတိုးဂိတ်များ၏ မျက်မြင်ဥပဓိရုပ်များ အမြင်တင့်တယ်အောင် မွမ်းမံပြင်ဆင်သွားရန်၊ CCTV ကင်မရာများအပါအဝင် ကွန်ပျူတာစနစ်လုပ်ဆောင်မှုများကို စနစ်တကျပြင်ဆင်ထိန်းသိမ်းရန် မှာကြားပြီး ရုံးနှင့်ဝန်ထမ်းအိမ်ရာများသို့ ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ဘဝဇာတ်ခုံဖြစ်ရပ်စုံ” စာအုပ်များ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင်ပုဂံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို Aureum Palace Hotel and Resort ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2023

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ပြဋ္ဌာန်းခဲ့သောဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၄ ဦး၊ အဆင့်မြင့်အရာရှိ ၃၅ ဦး၊ အရာထမ်း ၇၃ ဦး၊ အမှုထမ်း ၇၃ ဦး၊ ပြည်သူ့ ဝန်ထမ်း ၁၉ ဦးနှင့် အခြားပုဂ္ဂိုလ် ၂၈ ဦး စုစုပေါင်း ၂၉၂ ဦးတို့ကို တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2023

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်