Mar 20, 2023
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Mar 20, 2023
“နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီးနှင့်လူအင်အား၊ သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတို့ ပြည့်စုံရုံသာမက ကျန်းမာရေး၊ ပညာရေးနှင့် အသိပညာမြင့်မားရေး၊ ပြည်သူလူထုအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာနိုးကြားထက်သန်မှုနှင့်အတူ မြင့်မားသောရည်ရွယ် ချက်များရှိနေခြင်းတို့ လိုအပ်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ငွေကြေးနှင့်သယံဇာတအရင်းအမြစ်များထက် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့် လူသားအရင်းအမြစ်က ပို၍အရေးကြီးသည်ကို သတိပြုရမည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အသိပေးထားသည်။
Mar 20, 2023
သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ရာ မြေကမ္ဘာကို လေထုကြီးက လွှမ်းခြုံထားသည်။ လေနှင့်သက်ရှိဇီဝတို့ ဆက်စပ်နေသလို လေထုအတွင်း လှုပ်ရှားပြောင်းလဲခြင်းများကြောင့် ရာသီဥတုများ ဖြစ်ပေါ်လာရသည်။ လေရှိနေသော ကမ္ဘာသည် အပင်၊ သတ္တဝါများနှင့် စိမ်းလန်းစိုပြည် လှုပ်ရှားသက်ဝင်နေပြီး လေမရှိပါက ဆိတ်သုဉ်းခြောက်သွေ့နေသည့် ကမ္ဘာအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
Mar 19, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Mar 19, 2023
(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းရှိ သဲသောင်ပြင်အပန်းဖြေ နေရာ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
Mar 19, 2023
(၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးခန်းမတွင် မွန်တိုင်းရင်းသားစာပေ ပြဌာန်းစာအုပ်ပေးအပ်ပွဲနှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဉီးခင်မောင်ဉီးက ပြဌာန်းစာအုပ်ပေးအပ်ပွဲနှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
Mar 19, 2023
(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ-မုရစ်ကလေး-ကမာကေး လမ်းပေါ်ရှိ တံတားအမှတ် (၆/၆)၊ ပေ ၈၀ အရှည် သံကူကွန်ကရစ် တံတားဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက တံတားတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဉီးမှ တံတားဆောက်လုပ်ပေးခြင်းနှင့်
Mar 19, 2023
၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ ကျင်းပသည်။
Mar 19, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 19, 2023
Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့၏ EV Charging Station များဖွင့်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးနှင့် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တို့၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၉-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Mar 19, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၈-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၇၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ရှိပါသည်။
Mar 19, 2023
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co.,Ltd. မှ တင်သွင်းလာသည့် LINCHR အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW ငါးခုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါအားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
Mar 19, 2023
လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ လမ်း၊ တံတားများ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Mar 19, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် အသစ်တူးဖော်ခဲ့သော တွင်းအမှတ် (၈၈၃)၊ ထပ်မံတူးဖော်မည့် တွင်းသစ်နေရာများနှင့် မန်းရေနံမြေတွင် အသစ်တူးဖော်မည့် တွင်းအမှတ် (၆၇၁) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 19, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် (၈) မိုင်လမ်းဆုံအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန၊ ဘုရင့်နောင် Data Center တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 19, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) သို့ရောက်ရှိပြီး အဆိုပါဌာနစုအတွင်း သီးနှံများ အရည်အသွေးစစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Mar 19, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Mar 19, 2023
ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ နေ့ထူးနေ့မြတ် အခါသမယတွင် မွန်ပြည်နယ်နှင့် ဒေသအသီးသီး၌ ရောက်ရှိနေကြသော မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့်ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Mar 19, 2023
ပြည်သူလူထုကျန်းမာရေးအတွက် နေထိုင်စားသောက်မှုပုံစံများသည် အရေးကြီးသကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းရေးသည်လည်း အထူးအရေးကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် (၁၂)ရပ်တွင် လူမှုရေးဦးတည်ချက်၌ “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေး” ကို အလေးထားအကောင်အထည် ဖော်လျက်ရှိသည်။