Jun 06, 2023
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာ မာလာအောင်သည် မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်းကြီး (AACC) ၏ ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် online မှတစ်ဆင့် ပါဝင်တက်ရောက်သည်။
Jun 06, 2023
မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၂ ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။
Jun 06, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၁)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jun 06, 2023
ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ အတည်ပြု သတ်မှတ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 06, 2023
နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းတို့သည် ဇွန် ၄ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် မအူပင်မြို့နယ်အတွင်းရှိ ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ သွားရောက်ပြီး သားငါးထုတ်လုပ်တင်ပို့ရောင်းချမှု အခြေအနေများကို ကြည့်ရှုအားပေးကြသည်။
Jun 06, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
Jun 06, 2023
ဥပဒေဘာသာပြန်ကော်မရှင် လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 06, 2023
စစ်တွေမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ဆောင်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီကျောင်းတိုက်၌ ကျင်းပသည်။
Jun 06, 2023
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးခွဲသို့သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှုအခြေအနေကိုကြည့်ရှုပြီး ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပြတ် စနစ်တကျ ဆောင်ရွက်ကြရေး မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။
Jun 06, 2023
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌
Jun 06, 2023
၁။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို (၉-၆-၂၀၂၃) ရက်၊ သောကြာနေ့ နံနက် (၀၆:၀၀) အချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။
Jun 06, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 06, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး (သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄)ဝါ)သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နယုန်လဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ် မေ ၂၅ ရက် (ကြာသ ပတေးနေ့) ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
Jun 06, 2023
၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Jun 06, 2023
ဖျော်ဖြေမှုလည်းပါ အနုပညာလည်းမြောက်ပြီး နိုင်ငံနှင့်ပြည်သူကို အကျိုးပြုသည့် စွမ်းဆောင်ရှင်များသည် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များဖြစ်ကြသည်။ အကြင်နာလက်၊ အပြုံးမျက်နှာ၊ ကရုဏာနှလုံးသား၊ ချိုသာသောစကားများဖြင့် အများအကျိုးကို ထိရောက်စွာ သယ်ပိုးစွမ်းဆောင်နိုင်သူများသည် ပြည်သူချစ်သော အနုပညာရှင်များဖြစ်သည်။
Jun 06, 2023
ကမ္ဘာပေါ်တွင် ပလတ်စတစ်ကို စတင်ထုတ်လုပ်သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လွန်စွာအသုံးဝင်သည့် ပစ္စည်းဖြစ်သည့်အလျောက် ပလတ်စတစ်ပစ္စည်းမျိုးစုံတို့မှာ စက်ယာဉ်ယန္တရား အစိတ်အပိုင်းများမှသည် နေ့စဉ်လူနေမှုဘဝများအထိ မပါမဖြစ်ပါဝင်နေကြသည်။ သုံးစွဲပြီးနောက် စွန့်ပစ်လိုက်သော ပလတ်စတစ်များသည် နှစ်ပေါင်းရာနှင့်ချီ၍ မဆွေးမမြည့်နိုင်ဘဲ စုပုံလာလျက်ရှိရာ ပလတ်စတစ်အမှိုက်ပြဿနာသည် တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ကြီးလာနေသည့် ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်နေသည်။ ထို့အပြင် သတင်းစာ စာလုံးတစ်လုံးအရွယ်အစားခန့်မှသည် သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော အရွယ်အစားအထိ လွန်စွာသေးငယ်သည့် မိုက်ခရိုပလတ်စတစ်ခေါ် ပလတ်စတစ် အမှုန်အမွှားကလေးများက လူတို့၏ပတ်ဝန်းကျင်နေရာ တိုင်းတွင်သာမက လူ့ခန္ဓာကိုယ်ထဲသို့ပင် ရောက်ရှိနေသည်ကို တွေ့ကြရပြီးနောက် ပလတ်စတစ်အန္တရာယ်ကို သတိပေးမှုများ ပို၍ကျယ်လောင်လျက်ရှိနေပြီဖြစ်သည်။
Jun 05, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စေတနာရှင်အလှူရှင်များကလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ စတုဒီသာကျွေးမွေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Jun 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 05, 2023
ရခိုင်ကမ်းရိုးတန်းဒေသသို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA JOY(F-28) သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. ASM Sayem၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့် တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
