Jun 05, 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ စိန်ပန်း ဓမ္မစကူးလ်အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဖွင့်ပွဲနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်၏ (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အောင်လက်မှတ်များပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စိန်ပန်းဘုန်းတော်ကြီးကျောင်း၌ပြုလုပ်ရာ ကျိုင်းတုံမြို့ သာသနာဝေပုလ္လကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယအမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ ၃၂၀ နှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
Jun 05, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 05, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jun 05, 2023
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် စစ်တွေမြို့၌ ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်သက်ခိုင်၊ ဦးအောင်သော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Jun 05, 2023
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက်မှစတင်၍ ဖျော်ဖြေတင်ဆက်ခဲ့ရာ ယနေ့နောက်ဆုံးနှုတ်ဆက်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကြည့်ရှုအားပေးကြသည်။
Jun 05, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပန်းတနော်မြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါအဆောက်အအုံရှေ့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 05, 2023
ပြည်သူများသည် သိလိုသောဆန္ဒပြင်းပြကြသည်။ သတင်းဆိုသည်မှာ ပြည်သူများသိလိုသော အရေးအရာကိစ္စများဖြစ်သည်။ မီဒီယာဆိုသည်မှာ ပြည်သူများ သိလိုသောအကြောင်းအရာများကို အသိပေးထုတ်ပြန်ရသည်။ စာနယ်ဇင်းကျင့်ဝတ်တွင် အများပြည်သူသိရှိရန်အလို့ငှာ ထုတ်ပြန်သောသတင်းတိုင်း၌ အချက်အလက်တိကျမှန်ကန်စေရန် အစွမ်းကုန်စိစစ်ရမည်။ ဖော်ပြခြင်းမပြုမီ သတင်းအားလုံးကို တတ်စွမ်းသမျှစိစစ်ရမည်။ မည်သည့် သတင်းအချက်အလက်ကိုမျှ မိမိတို့လိုရာသို့ ဆွဲမရေးရ၊ သို့တည်းမဟုတ် လိုရင်းအချက်အလက်များကို တမင်သက်သက်ထိန်ချန်ခြင်းမပြုရဟု ဆိုထားသည်။
Jun 05, 2023
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၃ ရက်က အမျိုးသားပြတိုက် (နေပြည်တော်)တွင် ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့သည် နှစ်စဉ် မေလ ၁၈ ရက်နေ့ဖြစ်သော်လည်း မိမိတို့နိုင်ငံအဖို့ ယခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) နှင့် တိုက်ဆိုင်နေခြင်းကြောင့် ဇွန် ၃ ရက်သို့ ပြောင်းလဲ ကျင်းပခဲ့ရခြင်းဖြစ်သည်။
Jun 04, 2023
၁။ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့ မြန်မာစံတော်ချိန် (၂၁:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည် -
Jun 04, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 04, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊
Jun 04, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 04, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အားပင့်ဖိတ်၍ အမျှအတမ်းပေးဝေမည့် အခမ်းအနားနှင့် အန္တိမဈာပနပူဇာသဘင်အတွက် အလှူငွေများဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဌာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်(၉၄)ပါး ကြွရောက်ချီးမြင့်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လာရောက်ဖူးမြော် ကြည်ညိုကြသော ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
Jun 04, 2023
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်းတို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်းသင့်နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ/ စစ်သည်/မိသားစုဝင်များအား တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဒံပေါက်ထမင်းဘူးများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီးနောက် နယ်မြေခံတပ်ရင်းများတွင် ဆောင်ရွက်ထားရှိသော မွေးမြူရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jun 04, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးကဏ္ဍမြင့်မားတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာရရှိနိုင်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးစေလျက်ရှိသည်။
Jun 04, 2023
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ပြည်ထဲရေးဝန်ကြီးဌာနမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၈)ရှိ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဝန်ကြီးများ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဆုရအားကစားသမားများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများ၊ ဒိုင်လူကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jun 04, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃-၆-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၄-၆-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၅၁၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၅၃)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၈၁) ရာခိုင်နှုန်းရှိပါသည်။
Jun 04, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ယနေ့တွင် စတင်ဖွင့် လှစ်သည်။
Jun 04, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့် အလွန်အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့် ပြည်သူများအတွက် ပါဝင်လှူဒါန်း လိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 04, 2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ် ပြိုင်ပွဲများအတွက် ဆုရသူများစာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။
