Skip to main content

ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်း ရေကျော်နေပြီး ယာယီရေဘေးရှောင်စခန်း(၂၉)ခုဖွင့်လှစ်ထားရှိ

ပဲခူး အောက်တိုဘာ ၈

ပဲခူးမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာအားကျော်လွန်ပြီး (၉၄၀)စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိကြောင်း သိရသည်။  

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းမှစ၍ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်(၁၁)ခု၊ ကျေးရွာ(၆)ရွာ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂၉)ခုအား ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများအား ကူညီထောက်ပံ့လှူဒါန်းပေးကြကြောင်းနှင့်  ဖြတ်သန်းသွားလာနေသည့် ယာဥ်များ၊ လူများအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)