Oct 09, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Oct 09, 2021
မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်အနီးမြို့ပတ်ကမ်းနားလမ်းတွင် အောက်တိုဘာ ၅ ရက်နေ့က ရခိုင်ပြည်နယ်သို့ ဆီပို့ဆောင်မည့် ဆီဘောက်ဆာ အတွင်းမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Oct 09, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို လေ ကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင် ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသည်။
Oct 09, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၇ ခုမှ အိမ်သုံးဆေးဝါး ၁၀၅ မျိုးအား ရောင်းချပေး ခဲ့သည်။
Oct 09, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Oct 09, 2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေး ထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်သည်။
Oct 09, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာ နှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်မြို့ သန့်ရှင်းသပ်ရပ်ရေးနှင့် ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေး လုပ်ငန်းများ ဆောင်ရွက်
Oct 09, 2021
ရန်ကုန် အောက်တိုဘာ ၈
Oct 09, 2021
နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များဖြစ်သော Quarantine Center နှင့် Positive Center များဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုအပ်သော ခုတင်များ၊ Oxygen အိုးများနှင့် အခြားဆက်စပ်ပစ္စည်းများကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ဌာန/ အဖွဲ့ အစည်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများကို ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပသည်။
Oct 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီ တပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ် ရွေးချယ်သည်။
Oct 09, 2021
ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များ ကမ္ဘာအနှံ့နိုင်ငံအသီးသီး တို့တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ပြန့်ပွား လျက်ရှိစဉ် မိမိတို့နိုင်ငံ ၌သိသိသာသာလျော့နည်းကျဆင်းလာခဲ့သည်မှာ ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်သည်။ သို့ရာတွင် စိတ်ချရလောက်သည့် အခြေအနေသို့ မရောက်ရှိသေးဘဲ နေ့စဉ်ရောဂါပိုးကူးစက်မှု တွေ့ရှိရသည့် နှုန်းမှာ ၇ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းတို့၏ဝန်းကျင်တွင် တရစ်ဝဲဝဲဖြစ်နေသည်။ ရောဂါပိုးကူးစက်မှု ၅ ရာခိုင်နှုန်းအောက်သို့ ဆက်လက်ကျဆင်းလျော့နည်းသွားရန် လူတိုင်းအသိကိုယ်စီဖြင့် ကြိုးပမ်းကြရ ဦးမည်ဖြစ်သည်။
Oct 09, 2021
တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင် ရမည်ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်ထက် ပိုလျှံမှုရှိစေရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်အောင် စဉ်းစားတွက်ချက် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း” အောက်တို ဘာလ ၆ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီလဝါဘက်စုံစိုက် ပျိုးမွေးမြူရေးဇုန်တွင် ပြောကြားခဲ့သည်။
Oct 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)နှင့် ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးစက်ရုံ တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 08, 2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ယနေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြား သည်။
Oct 08, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီ ကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာ လျှင် လက်ကားဈေး ငွေကျပ် (၃၇၀ဝိ/-) နှုန်းဖြင့် စက်တင်ဘာ၂၀ ရက်မှ စတင်ရောင်းချ လျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ (၅၉၇၄၄၃၀) ၊ တန်ချိန်(၉၇၆၂) တန်ရောင်းချခဲ့ပြီး ဖြစ်သည်။
Oct 08, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့်အတူ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူး အဖွဲ့ (၁) မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခချောင်းကူး၊ ပေ ၅၉၀ အရှည်ရှိ မဂွေဇ တံတားလုပ်ငန်းခွင်သို့ ရောက်ရှိကာ တံတားတည်ဆောက်ရေး လုပ်ငန်းပြီးစီးမှုကို ကြည့်ရှု လေ့လာ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
Oct 08, 2021
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက် ၇နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့်အတူ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး စားရိပ်သာနှင့် အိပ်ဆောင်များကို လိုက်လံကြည့်ရှု စစ်ဆေး၍ အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
Oct 08, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။
Oct 08, 2021
ပုဂံဒေသအမျိုးသား အဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို ပုဂံရှေးဟောင်းသုတေသ နပြတိုက်၌ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပသည်။
Oct 08, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် Indo-ASEAN Business Summit & Expo သို့ တက် ရောက်အမှာ စကားပြောကြားသည်။