Skip to main content

Jan 08, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ကို ရေကြောင်း၊ ဆိပ်ကမ်း အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၇ ရက်က ရန်ကုန်ဆိပ်ကမ်းများမှ Stethoscope ၃၀၀၊ Commode Chair ၂၄၈၁ ခု၊ Walker (HOSPITAL USE) ၃၂ ခု၊ ဆေးဝါးမျိုးစုံ ၅၄ မျိုး စုစုပေါင်း ၄၉၉၂၅ ဒသမ ၀၈ kg ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဉီးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက် ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော်၏ ကျားပါးစပ်ကြီး စခန်းအား ယနေ့နံနက်အစောပိုင်းတွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အလစ်အငိုက်ရယူ၍ သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်နည်းဗျူဟာမြောက် ခေတ္တဆုတ်ခွာပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော် က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့သည့်သဝဏ်လွှာတွင် “ မိမိတို့ ပြည်သူပြည်သားများ၏စွမ်းပကားဖြင့် နိုင်ငံတော် တိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ထားသည်။ ပြည်သူ ပြည်သားများ၏ စွမ်းပကားဆိုသည်မှာ ကာယအား၊ ဉာဏအားအသိဉာဏ်ပညာကို အခြေခံသည့်အားဖြစ်သည်။ ထိုပြည်သူပြည်သားများ၏ အသိဉာဏ်ပညာစွမ်းပကားဖြင့် မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်း တည်ဆောက်ကြ ဖို့ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရာခိုင်နှုန်းမှာ နေ့စဉ် ၁ ရာခိုင်နှုန်းကျော်ကျော်ခန့် တွင်သာရှိနေပြီး ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုအနေဖြင့် ၅၃၀၀၀၀ ကျော်သာရှိနေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုက လွှမ်းမိုးလျက်ရှိရာ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံတွင် ကူးစက်မှုမှာ တစ်နေ့တည်းတွင် ၁ သန်းခန့်ရှိကြောင်း သတင်းများက မိမိတို့အနေဖြင့်လည်း သတိပြုဖွယ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ အချို့တွင် အိုမီခရွန်ကူးစက်ခံရသူအချို့ ပါရှိနေသည်ကို စစ်ဆေးတွေ့ရှိရပြီး သီးသန့်ခွဲခြားစောင့်ကြည့်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သော ကိုယ်စားလှည်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရေးရည်ရွယ်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ခေတ်မီစံပြ ကျေးရွာ (Smart Village) များအဖြစ် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၊ ပျဉ်းမနား မြို့နယ်၊ ကျွန်းဦးကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ (၃)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၆ ရက်တွင် သံတွဲမြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ သံတွဲ - တောင်ကုတ် ကားလမ်းဘေးရှိ ရေစင်ကျေးရွာ လမ်းမပေါ်တွင် ယာဉ်အမှတ် YGN-1P/7980 ပေါ်တွင် တောင်သရက်ခွဲသား ဆိုဒ်စုံ (၄ ဒသမ ၅၃၃၈) တန်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၆၈၀,၀၇ဝိ/-)နှင့် ယာဉ်အမှတ် BGO-4I/5636 ပေါ်တွင် တောင်သရက်ခွဲသား (၃ ဒသမ ၅၅၄၀) တန်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၅၃၃,၁၀ဝိ/-) စုစုပေါင်း သစ်ခွဲသား (၈ ဒသမ ၀၈၇၈)တန် ခန့်မှန်း တန်ဖိုးငွေကျပ် (၁,၂၁၃,၁၇၀/-) တို့ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိခဲ့မှုအား ၂၈-၁၂-၂၀၂၁ ရက်နေ့ တွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ အောင်ပိုင်သူ(ခ)မိုးညို (ဘ)ဦးသန်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်းတို့ကြောင့် လည်းကောင်း၊ ထက်ဝေယံ(ခ) နောင်နောင် (ဘ)ဦးဇော်နိုင်သည် အောက်တိုဘာလအတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံကုန်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူ အကြမ်းဖက်သူများက ကိုယ့်အား ကိုယ်ကိုး တည်ဆောက်ထားသည့် မူလတန်းကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

မြန်မာ - ကမ္ဘောဒီးယားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး ဌာနတို့အကြား နှစ်နိုင်ငံသဘောတူစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး Dr. Bandula Gunawardhana နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ပြီး အမှာစကားများ ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

အနာဂတ်လယ်ယာကဏ္ဍတွင် ပါဝင်ဆောင်ရွက်လာကြမည့် လူငယ်များအား စိုက်ပျိုး မွေးမြူရေး အခြေခံသော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူ များအဖြစ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးကြရာ၌ စိုက်ပျိုးရေးသိပ္ပံကျောင်းများအနေဖြင့် ကျောင်းဆင်းမောင်မယ်များ အရည်အချင်းပြည့်ဝစွာ စွမ်းဆောင် နိုင်ရေးကိုမျှော်မှန်း ကြိုးပမ်းကြစေလိုကြောင်း၊ ၎င်းတို့၏ လုပ်ငန်းခွင် အောင်မြင်မှုများသည် ကျောင်း၏ဂုဏ်သိက္ခာ ဖြစ်သည်ကို သတိပြု ကြစေလိုကြောင်း၊ ဇန်နဝါရီလ(၆)ရက် နံနက်ပိုင်းက ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ မြို့နယ် စည်ပင်သာရေး အဖွဲ့ပိုင် ဇီဇဝါလမ်းသွယ်(၁)နှင့် ရုံးလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျှက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စားသောက်ရေးအခက် အခဲရှိသောပြည်သူများထံအခြေခံ စားသောက်ကုန်များ ဝေငှလှူဒါန်း ခြင်းအစီအစဉ်ကို တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းလျက်ရှိရာ အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်) မင်း နားမကြားသော ကလေးများကျောင်းနှင့် မျိုးဆက်သစ်လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စသည့်ကျောင်းနှင့် ဂေဟာတို့အား ဆန်၊ ဆီနှင့် ပဲတို့ကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်