Jan 09, 2022
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar Hotel သဇင်ခန်းမ၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 09, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ဇန်နဝါရီ ၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၉ ဦး၊ အမျိုး သမီး ၈၀ ဦး၊ စုစုပေါင်း ၁၇၉ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၇ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၆ ဦးနှင့် အမျိုးသမီး ၉၂ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံ ခဲ့ကြသည်။
Jan 09, 2022
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jan 09, 2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်းကို ကြည့်ရှုစစ်ဆေးသည်။
Jan 09, 2022
ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၄) နှစ်မြောက် ကချင်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်)တို့ ပူးပေါင်း ကျင်းပသည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ်ပြိုင် ပွဲများကို ယနေ့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
Jan 09, 2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်ရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
Jan 09, 2022
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Jan 09, 2022
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ငါးမွေးမြူရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို မန္တလေးမြို့ရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့်တိုးချဲ့ ပညာပေးရေး ဗဟိုဌာနတွင် ဇန်နဝါရီ၅ ရက်က ကျင်းပသည်။
Jan 09, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့ တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင် သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိပါသည်။
Jan 09, 2022
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တာဝါတိုင်များအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
Jan 09, 2022
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် နယ်မြေဖြစ်သည့် သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်း စက်ဘီးစီးပွဲတော်ကျင်းပခြင်းဖြစ်၍ ပြိုင်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ အဆိုပါ အပျော်တမ်းစက်ဘီးစီး ပွဲတော်ကို ကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Jan 09, 2022
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုစည်းတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားပြည်သူများလိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမို ကရေစီစနစ်ကို တည်ဆောက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်အဝ ကျင့်သုံးပြီး ဒီမိုကရေစီဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက် လျက်ရှိသည်။
Jan 09, 2022
မြန်မာနိုင်ငံသည် အာဆီယံအလုပ်သမားဈေးကွက်တွင် အလုပ်သမားဦးရေအများဆုံး ပို့လွှတ် နေသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အများဆုံး သွားရောက်ကြသည့် နိုင်ငံများတွင် ထိုင်းသို့ ၇ဝရာခိုင်နှုန်း၊ မလေးရှားသို့ ၁၅ ရာခိုင်နှုန်းနှင့် စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့သို့ ၁၅ ရာခိုင်နှုန်း သွားရောက် ကြသည်။ သို့ရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းမှာ အခြေခံပညာအလယ်တန်းအဆင့်သာ ရှိကြပြီး လုပ်ငန်း ကျွမ်းကျင်မှုလည်း မရှိသလောက် နည်းပါးကြသည့်အတွက် အဆင့်နိမ့်အလုပ်အကိုင် များကိုသာ လုပ်ကြရသည်ဟု သိရသည်။
Jan 08, 2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ပြည်တော်သာ ကျောင်းတိုက်ဆရာတော် ဦးဇဝန က ၎င်း၏မွေးနေ့ပွဲပြုလုပ်မှုအား Ashin Zawana Facebook Account ၌ ရုပ်သံဖိုင် Live လွှင့်ခဲ့ပါသည်။ ၎င်းရုပ်သံဖိုင်တွင် ဦးဇဝနသည် သာမန်လူပုဂ္ဂိုလ် များကဲ့သို့ မွေးနေ့အား ကျင်းပပြုလုပ်ခဲ့သည့်အပြင် ၎င်းကို ကိုးကွယ်သူများက နမ်းခြင်း၊ မွေးနေ့သီချင်းများသီဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း၊
Jan 08, 2022
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထုတ်ပြန်ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရက်ရက်စက်စ
Jan 08, 2022
PDFအမည်ခံအကြမ်းဖက်သမားများအနေဖြင့် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော ပညာရေးဆိုင်ရာရုံး/ဌာနများနှင့် စာသင်ကျောင်း များကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲ ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ (၃၆)လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသုံးအဆောင် ပစ္စည်းအချို့ ပျက်စီးခဲ့သည်။
Jan 08, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 08, 2022
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနနှင့် ပညာပေးလုပ်ငန်းသည် အရေးပါသော ကဏ္ဍတစ်ရပ်မှ ပါဝင်ကြောင်း၊ ဒေသနှင့်ကိုက်ညီသောသီးနှံများ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်ရေးတွင် စိုက်ပျိုးရေခြွေတာနိုင်ရေး၊ မြေဆီလွှာထိန်းသိမ်းရေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စသည့်လုပ်ငန်းများတွင် စရိတ်သက်သာပြီး အကျိုးရှိ ထိရောက်သော နည်းပညာများ ရှာဖွေဖော်ထုတ် ဖြန့်ဖြူးပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးပညာပေးစခန်းများ အနေဖြင့် အားစိုက်ဆောင်ရွက်ကြစေလိုကြောင်း ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် လွိုင်မွေခြံ စိုက်ပျိုးပညာပေးစခန်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။
Jan 08, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့် သည် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဘာသာရေး ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးသည်။
Jan 08, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် အသီးအရွက်များကို အခြောက်ခံ၍ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသော Myanmar Belle Shin- Shin Foods Co.,Ltd. သို့ သွားရောက် ကြည့်ရှုအားပေးသည်။