နေပြည်တော် ဇန်နဝါရီ ၂၁
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်နှင့် အုန်းတောကျောင်းတိုက်တို့သို့လည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ မြို့ဦးတိုက်သစ် သံလမ်းကျောင်းတိုက်သို့ လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ မဟာသိမ်တော်ကြီး ကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တိုင်းဒေသကြီးများမှ တပ်ဖွဲ့/ဦးစီး ဌာနများ ဝန်ထမ်းမိသားစုများက ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်