Skip to main content

နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဧပြီ ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်အတွင်း ဧပြီ ၂၀ ရက်က ဖြစ်ပွားခဲ့သည့်  မိုးသက် လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့် လေပြင်းသင့် ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက် ပစ္စည်းတန်ဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီတွင် လယ်ဝေးမြို့ အားကစားလေ့ကျင့် ရေးစခန်းအမှတ်(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်   ကောင်စီဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်  တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီ နယ်မြေအတွင်း   လေပြင်းဘေး၊ ရေဘေး၊   ငလျင်ဘေး၊ မီးဘေး၊ ကမ်းပြိုဘေးနှင့် မိုးကြိုးဘေး အန္တရာယ်တို့ကို နှစ်စဉ်ကြုံတွေ့ ခံစားနေရကြောင်း၊  လေပြင်းဘေးသည် နေပြည်တော်အတွင်း အဖြစ်အများဆုံး  ဘေးအန္တရာယ် တစ်ခုဖြစ်ကြောင်း၊  နေပြည်တော် ကောင်စီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်ရေး သဘာဝဘေးလုပ်ငန်း အစီအမံများ  ရေးဆွဲဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ကောင်စီနယ်မြေ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူးက   လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ဒက္ခိဏခရိုင် အတွင်းရှိ လေဘေးသင့် ပြည်သူ များအတွက်    ထောက်ပံ့ငွေများ ပေးအပ်ရာ    ဒက္ခိဏခရိုင်   စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံ ရယူသည်။

ထို့နောက် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးမြင့်စိုးနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်    ကျော်စိုးဦးတို့က လေဘေးသင့်   ပြည်သူများအား ထောက်ပံ့ပစ္စည်းများ   ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော် ကောင်စီ   ဥက္ကဋ္ဌသည်   မိုးသက် လေပြင်းဘေးကြောင့်   ပျက်စီးခဲ့ သည့် လယ်ဝေးမြို့နယ် သော်‌မှော် ကုန်းအုပ်စု အောင်စေတနာ ကျေးရွာသို့ ရောက်ရှိပြီး လေဘေး သင့်ပြည်သူများကို  အားပေး စကားပြောကြားသည်။

ဧပြီ  ၂၀  ရက်က လေပြင်း တိုက်ခတ်မှုကြောင့် ပြည်ထောင်စု နယ်မြေ  ဒက္ခိဏခရိုင်  လယ်ဝေး မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် ပြိုလဲ နေအိမ် ၁၅၆  လုံး၊   အမိုးလန် နေအိမ် ၈၈၃လုံး စုစုပေါင်း လူ နေအိမ် ၁၀၃၉ လုံးနှင့် ဘုန်းတော် ကြီးကျောင်း ရှစ်ကျောင်း ပျက်စီးခဲ့ သည်။ ထို့ကြောင့် ပြိုလဲနေအိမ် တစ်လုံးလျှင်   ငွေကျပ် ၄၉၀၃၉ တန်ဖိုးရှိပစ္စည်း ၁၇ မျိုးပါ ထောက်ပံ့ပစ္စည်းပုံး ၁၅၆ပုံး၊ လူဦး ရေ ၄၃၉၅ ဦးအတွက်  ဆန်ရိက္ခာ တန်ဖိုးငွေကျပ်    ၉၂၃၃၇၀၀  ၊ အိမ်ထောင်စု  ၁၀၃၉ စုအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး ငွေကျပ် ၄၁၈၇၁၁၀၀နှင့် ထိခိုက် ဒဏ်ရာရရှိသူ    နှစ်ဦးအတွက် ထောက်ပံ့ ငွေကျပ်တစ်သိန်း၊ ဘုန်းတော်ကြီးကျောင်း ရှစ် ကျောင်းအတွက် ဆောက်လုပ်ရေး ပစ္စည်းတန်ဖိုး ထောက်ပံ့ငွေကျပ် ၄၉၀၀၀၀  စုစုပေါင်းငွေကျပ် ၅၉၃၄၄၄၁၆ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်