Skip to main content

ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဩဂုတ် ၄

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဖူဆယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့အုပ်စုပတ်လည်ပွဲစဉ်တွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၁၆ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အလားတူ အားကစားရေးရာ ဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ငါးဂိုး - လေးဂိုးဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ခြောက်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံးအသင်းကို ၁၁ ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာန အသင်းကို ကိုးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ဩဂုတ် ၅ ရက်တွင် ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ အားကစားရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များ မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်