Skip to main content

လူစုလူဝေးဖြင့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပြည်သူလူထုအနေဖြင့် လိုက်ပါဆောင်ရွက်မှု မပြုရန်နှင့် သတိပြုနေထိုင်ကြရန် သတိပေးထုတ်ပြန်

နေပြည်တော် မတ် ၃ နိုင်ငံတော်ဆန့်ကျင်ရေးကို ဦးတည်ဆောင်ရွက်နေသည့် အဖွဲ့အစည်း များအနေဖြင့် နေရာဒေသအချို့၌ ဥပဒေများအား ချိုးဖောက်ကာ သာမန် လူစုလူဝေးဖြင့် အများပြည်သူ အသုံးပြု သွားလာနေသည့် လမ်းကြောင်း များအား တာယာကွင်းများ အစုအပုံ လိုက်ဖြင့် တားဆီးခြင်း၊ မီးရှို့ခြင်း၊ သစ်ပင်သစ်ကိုင်းများအား ခုတ်လှဲ၍ လမ်းပိတ်ဆို့ခြင်း၊ ကွန်ကရစ်တုံးများ ချထား၍ လမ်းပိတ်ဆို့ခြင်းများပြုလုပ် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂျင်ကလိ၊ လောက်လေးခွ၊ သံဆူးချွန် များဖြင့် ပစ်ခတ်ခြင်း၊ ဒေသအချို့တွင် တူမီးနှင့် လေသေနတ်များ အသုံးပြု ပစ်ခတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုံခြုံရေး ကင်မရာ (CCTV) များအား ဖျက်ဆီးခြင်း နှင့် ပြည်သူပိုင်ယာဉ်များအား ဖျက်ဆီး ခြင်း စသည့်လုပ်ငန်းများကို အကြမ်း ဖက်အဖွဲ့အစည်းပုံစံဖြင့် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင် နေကြသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်း ထုတ်ပြန်ချက်အရ ယနေ့တွင် ဆူပူအကြမ်းဖက် ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း၊ လှိုင်၊ ရန်ကင်း၊ တာမွေ၊ အင်းစိန်၊ သာကေတနှင့် ဒဂုံ(တောင်)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မြင်းခြံ၊ မိတ္ထီလာနှင့် ပြင်ဦးလွင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး စစ်ကိုင်း၊ ရွှေဘိုနှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းဒေသကြီး မကွေး၊ စလင်းနှင့် တောင်တွင်းကြီးမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်၊ မြန်အောင်နှင့်ဝါးခယ်မမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြည် မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် နှင့် ထားဝယ်မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကရင်ပြည်နယ် ဘားအံ မြို့နယ်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲထိန်းသိမ်း ခဲ့ရကြောင်း။ ။ နိုင်ငံတော်အစိုးရအနေဖြင့်အေးချမ်းစွာ ဆန္ဒပြမှုများအား အချိန်ကာလ တစ်ခုအထိ စိတ်ရှည်သည်းခံစွာစောင့်ကြည့် ထိန်းသိမ်းခဲ့သော်လည်း လက်ရှိကာလတွင် နေရာဒေသအချို့၌ ဆောင်ရွက်နေမှုများသည် သာမန်ဆူပူမှု အဆင့်ထက်ကျော်လွန်ကာ အဖျက် အမှောင့်လုပ်ငန်း များကို နည်းမျိုးစုံ အသုံးပြုပြီး အကြမ်းဖက်မှုပုံသဏ္ဌာန်သို့ပြောင်းလဲဆောင်ရွက်လာသည့် အခြေ အနေသို့ ရောက်ရှိနေသည်ကို တွေ့ရှိ ရကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အဓိကရုဏ်း ဖြိုခွဲရေးလက်နက်များကိုသာ အသုံးပြုပြီး ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထု၏ လုံခြုံတည်ငြိမ်အေးချမ်း သာယာရေးကိုရှေးရှု၍ လူစုလူဝေးဖြင့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပြည်သူ လူထုအနေဖြင့် လိုက်ပါဆောင်ရွက်မှု မပြုဘဲ ရှောင်ကြဉ်ရန်နှင့် ဂရုပြုနေထိုင် သွားကြပါရန် အသိပေးထားကြောင်း သိရသည်။ သတင်းစဉ်