Skip to main content

နေပြည်တော်ကောင်စီတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

နေပြည်တော် မတ် ၃ နေပြည်တော်ကောင်စီတွင်တာဝန်ထမ်းဆောင်လျက် ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော်ကောင်စီသည် ကျန်တိုင်းဒေသကြီး/ပြည်နယ်များနှင့် သဘော သဘာဝ အနည်းငယ်ကွဲပြားမှုရှိပြီး နိုင်ငံတော်၏ ပြည်ထောင်စုအဆင့်ရုံးများ ရုံးစိုက်ရာ ပြည်ထောင်စု နယ်မြေဖြစ်သည့် နေပြည်တော်ကို စီမံခန့်ခွဲအုပ်ချုပ် ရခြင်းဖြစ်၍ အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် မတူညီသော အုပ်ချုပ်ရေးဆိုင်ရာ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးရသည့် အခြေအနေမျိုးများရှိ ကြောင်း၊ အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန် များကို အခြေအနေအရ လွှဲပြောင်းရယူခဲ့ရပြီး နောက်ပိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ကို သစ္စာရှိရှိဖြင့် အုပ်ချုပ်ရေးယန္တရား ယိမ်းယိုင်မှုမရှိအောင် ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီကိုယ်စီတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နေကြသည့်အပေါ်မှာလည်း အထူးပင် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း။ နိုင်ငံတော်၏ ရှေ့ဆက်လုပ်ဆောင်မည့် | အချက် Road Map (၅) ချက်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီအောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည့်အတွက် အုပ်ချုပ် ရေးယန္တရား၏ အဓိကကျသည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ မူဝါဒများ အောင်မြင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များမှာ ခေတ်အဆက်ဆက် မည်သို့သောအစိုးရ၊ မည်သို့သော အုပ်ချုပ်ရေးစနစ်မျိုးမှာပဲဖြစ်ဖြစ် တာဝန်ကျေပွန်သည့် ဝန်ထမ်းများအဖြစ်နှင့် ကျရာ အခန်းကဏ္ဍမှာ တာဝန်သိသိ သစ္စာရှိစွာဖြင့် အုပ်ချုပ်ရေးယန္တရား ပိုမိုအားကောင်းခိုင်မာအောင်ဆောင်ရွက်ပေးခဲ့သည့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ထောက်ပံ့ငွေနှင့် စားသောက်ကုန် ပစ္စည်းများကို ပေးအပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဌာနခွဲ(၁)ရှိ ဝန်ထမ်းများအား လည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဌာနခွဲ (၂)ရှိ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် နေကြသည့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့ ဝင်များအား လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ဌာနခွဲ(၃)ရှိ ဝန်ထမ်းများ အား လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဌာနခွဲ(၄)ရှိ ဝန်ထမ်းများအား လည်း ကောင်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က နေပြည်တော်ကောင်စီရုံးဝင်း အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ အားလည်းကောင်း ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ထောက်ပံ့ငွေနှင့် စားသောက်ကုန် ပစ္စည်းများပေးအပ်ခြင်းအတွက် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးသူအောင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။ ယနေ့ ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်း များ ပေးအပ်ရာတွင် နေပြည်တော်ကောင်စီတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြည်ထောင်စုနယ်မြေ အတွင်းရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၄၆၃၀၀၀၀ တန်ဖိုးရှိ စားသုံးဆီ၊ ကြက်ဥနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)