၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဝင် လစ်လပ်နေရာများအတွက် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာပုံစံများကို (၂၆-၂-၂၀၂၁)ရက် သောကြာနေ့မှ (၃-၃-၂၀၂၁)ရက်ဗုဒ္ဓဟူးနေ့အထိ နေ့စဉ်နံနက်(၉:၀၀)နာရီမှ မွန်းလွဲ (၁၆:၀၀)နာရီအတွင်း(ပိတ်ရက်မရှိ) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၊ အမှတ်(၄)၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အခမဲ့လာရောက်ထုတ်ယူနိုင်ပြီး (၃-၃-၂၀၂၁) ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ(၁၆:၀၀)နာရီမတိုင်မီအချိန်အတွင်း အဆိုပြုလွှာပုံစံများကို နောက်ဆုံးထားပြန်လည်တင် သွင်း ရန် နေ့စဉ်ထုတ် သတင်းစာများတွင် ဖိတ်ခေါ်ထားပါသည်။
၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ လျှောက်ထားလိုသူ ကိုယ်စားလှယ်လောင်းများ ပိုမို အဆင်ပြေစေရေး အတွက် ယင်းအဆိုပြုလွှာပုံစံများ နောက်ဆုံးထားပြန်လည်တင်သွင်း ရမည့်နေ့ရက်ကို (၂၇-၃-၂၀၂၁)၊ ရက်(စနေနေ့)မွန်းလွဲ(၁၆:၀၀)နာရီ မတိုင်မီအချိန်အထိ တင်သွင်းနိုင်ရန် တိုးမြှင့်ပြင်ဆင်သတ်မှတ် လိုက်ပါသည်။
၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်းနံပါတ် ၀၁-၈၆၀၄၇၅၁ နှင့် ၀၁-၅၄၄၅၈၃ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့
အမှတ်(၄)၊ ဝင်္ကပါလမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊