ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့အကြား ဆောင်ရွက်လျက် ရှိသော စီမံကိန်း အခြေအနေ
(က) အရှေ့-အနောက် စီးပွားရေး လမ်းကြောင်းတစ်လျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများ အတွက် စီးပွားရေးစွမ်းဆောင်နိုင်မှုမြှင့်တင်ရေးစီမံကိန်း (Economic Empowerment of the Poor and Women in the East West Economic Corridor Project) ကို ဂျပန်နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးရန်ပုံငွေ (Japan Fund for Poverty Reduction-JFPR) ၏ ငွေကြေး ထောက်ပံ့မှုဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank–ADB) မှတဆင့် အမေရိကန် ဒေါ်လာ (၃) သန်း ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank–ADB) တို့အကြား ၁၇-၅-၂၀၁၆ ရက်နေ့တွင် Grant Agreement (GA) ကို လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(ခ) စီမံကိန်းသည် အောက်ဖော်ပြပါ အကျိုးရလဒ် (၄) ခု ဖြစ်ပေါ်လာစေရန်အတွက် ရည်မှန်းချက် ထား၍ မွန်ပြည်နယ် (မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ မုဒုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ် တွင်းရှိ ကျေးရွာများ) တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်-
(၁) အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများ၏ ကျွမ်း ကျင်မှုနှင့် စီမံခန့်ခွဲမှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊
(၂) စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုများ၊ ချေးငွေယူခြင်းနှင့် စီးပွားရေးကွန်ယက်များ ချိတ်ဆက်မှု ဖွံ့ဖြိုးတိုးတက်စေခြင်း၊
(၃) ထုတ်ကုန်များထုတ်လုပ်ရန်အတွက် အထောက်အကူပြု အဆောက်အဦများနှင့် စျေးများ ဆောက်လုပ်ရန်အတွက် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်စေခြင်း၊
(၄) စီမံကိန်းတာဝန်ယူဆောင်ရွက်သည့် အဖွဲ့အစည်း၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်သည့်အဖွဲ့နှင့် စီမံကိန်းတွင် ပါဝင်သူများ၏ လုပ်ငန်းစွမ်းရည် မြင့်မား ဖွံဖြိုး တိုးတက်စေခြင်း၊
(ဂ) စီမံကိန်းကြောင့် ကျေးရွာများတွင် အကျိုးကျေးဇူးရရှိမည့် အဖွဲ့များ (Project Beneficiries) ဖြစ်သည့် အမျိုးသမီး အဖွဲ့ (၇) ဖွဲ့ ကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားပြီး ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိပါသည်-
(၁) အမေတို့အားမာန်
(၂) အောင်ဟင်္သာ
(၃) စိမ်းမြရောင်ချယ်
(၄) မွန်စံပြ
(၅) ရှင်းသန့်ချို
(၆) ရွှေကံ့ကော်
(၇) ရွှေချည်
(၈) ရွှေတံခွန်
(၉) ကြည်လင်ရှင်းသန့်
(ဃ) အမျိုးသမီးအဖွဲ့များမှ ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အထောက်အကူပြုအဆောက်အဦ (Product Processing Facilities) (၆) လုံး ကို တည်ဆောက် ပြီးစီးပြီး ဖြစ်ပြီး အထောက်အကူ ပြုအဆောက်အဦ (၁) လုံး မှာ ဆောက်လုပ်ဆဲ ဖြစ်ပါသည်။ အထောက်အကူပြု အဆောက်အဦ များ ဆောက်လုပ်ရာတွင် ကျေးရွာအဖွဲ့အစည်းများမှ စီမံကိန်းသို့ အဆောက်အဉီ ဆောက်လုပ် မည့် မြေကို သုံးစွဲခွင့်ပြုပေးနိုင်ခြင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ပတ်ဝန်းကျင်ထိခိုက်နိုင်မှု ဆိုင်ရာ မူဝါဒများ (Due diligence Report) နှင့် ကိုက်ညီပြီး ဆောင်ရွက်နိုင်သည့် အပေါ်တွင် မူတည်၍ ကျေးရွာ (၇) ရွာတွင် အထာက်အကူပြုအဆောက်အဦ (၇) လုံး ကို အောက်ပါအတိုင်း တည်ဆောက်ခဲ့ပါသည်-
စဉ် အထောက်အကူပြု
အဆောက်အဉီအမည် တည်နေရာ အဖွဲ့အစည်း မှတ်ချက်
၁။ ဘီစကစ်(ခေါက်မုန့်) လုပ်ငန်း ကွမ်ရိုက်ကျေးရွာ၊ ချောင်းဆုံမြို့နယ် အမေတို့အားမာန် ဆောက်
လုပ်ပြီး
၂။ ဝါးလက်မှုပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်း ကုလားဘီကျေးရွာ၊ ချောင်းဆုံမြို့နယ် အောင်ဟင်္သာ ဆောက်
လုပ်ပြီး
၃။ ဝါးလက်မှုပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်း တောင်ကလေးကျေးရွာ၊ ကျိုက်ထိုမြို့နယ် စိမ်းမြရောင်ချယ် ဆောက်
လုပ်ပြီး
၄။ ရက်ကန်း၊ ချည်ထည်နှင့် သဘာဝ ဆိုးဆေးလုပ်ငန်း သိမ်ကုန်းကျေးရွာ၊
မုဒုံမြို့နယ် မွန်စံပြ ဆောက်
လုပ်ပြီး
၅။ သစ်သီးယိုနှင့် သစ်သီးခြောက် ထုတ်လုပ်ရေးလုပ်ငန်း မမှိုချောင်ကျေးရွာ၊
ကျိုက်ထိုမြို့နယ် ရှင်းသန့်ချို ဆောက်
လုပ်ပြီး
၆။ စက်ချုပ်လုပ်ငန်း ထောင်ကေးကျေးရွာ၊ မုဒုံမြို့နယ် ရွှေကံ့ကော် ဆောက်
လုပ်ပြီး
၇။ ရက်ကန်း၊ ချည်ထည်နှင့် သဘာဝ ဆိုးဆေးလုပ်ငန်း နိုင်လုံလက်တန့်ကျေးရွာ၊
မုဒုံမြို့နယ် ရွှေချည် ဆောက်
လုပ်ဆဲ
(င) Project Beneficiaries များအတွက် သဘာဝဆေးဆိုး သင်တန်း၊ ရက်ကန်းသင်တန်း၊ ဒေသ ထွက် ခေါက်မုန့်ပြုလုပ်ရေး သင်တန်း၊ သဘာဝဆပ်ပြာ ပြုလုပ်နည်း သင်တန်း၊ ဝါးလက်မှု ပစ္စည်း/ ပရိဘောဂ ပြုလုပ်နည်း သင်တန်းများ၊ ကျား/မရေးရာ သင်တန်းများ၊ အဖွဲ့အစည်း ဆိုင်ရာနှင့် ငွေကြေးစီမံခန့်ခွဲမှုသင်တန်းများ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ စီးပွားရေးလုပ်ငန်း အစီအစဉ်ဆိုင်ရာ သင်တန်းများ၊ အစားအသောက်လုံခြုံ စိတ်ချရရေး သင်တန်း၊ အရည်အသွေး ထိန်းချုပ်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးသင်တန်း၊ သစ်သီးယို/သစ်သီးခြောက် ပြုလုပ်နည်း သင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
(စ) စီမံကိန်းအား သတ်မှတ်ကာလအတွင်းတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် စီမံကိန်းဦးဆောင်ကော်မတီ (Project Steering Committee) ၊ စီမံကိန်းစီမံခန့်ခွဲမှု အဖွဲ့ (Project Management Unit-PMU) နှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အဖွဲ့ (Project Implementation Unit-PIU) တို့ကို ဖွဲ့စည်းထားပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ကိုယ်စားလှယ်များ ပါဝင်၍ စီမံကိန်းဧရိယာများသို့ Review Mission သွားရောက်ခြင်းတို့ကို ယခင်က ဆောင်ရွက်ခဲ့သော်လည်း Covid-19 ကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ Review Mission မသွားရောက်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။
(ဆ) စီမံကိန်းမှ ထုတ်လုပ်သော ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချရန်အတွက် ဘက်စုံသုံး အဆောက်အဦ (Multi Purpose Center) အဖြစ် အသုံးပြုနိုင်ရေး အကြီးစား မွမ်းမံပြင် ဆင်မှုများ ဆောင်ရွက်သွားမည့် မော်လမြိုင်မြို့ရှိ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အဖွဲ့ ရုံး အဆောက်အဦကို ဆောက်လုပ်ရေး လုပ်ငန်း ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။
(ဇ) စီမံကိန်းကြောင့် ကျေးရွာများတွင် အကျိုးကျေးဇူးရရှိမည့် အဖွဲ့များ (Project Beneficiries) ဖြစ်သည့် အမျိုးသမီးအဖွဲ့များ မှ ထုတ်လုပ်သော သဘာဝချည်ထည် ထုတ်ကုန်များ၊ ဒေသထွက် ခေါက်မုန့်များ၊ သဘာဝပစ္စည်းများဖြင့် ပြုလုပ်သော မျက်နှာသစ်ဆပ်ပြာများကို မော်လမြိုင်မြို့ရှိ စတိုးဆိုင်များ၊ ဟိုတယ်များမှ မှာယူမှုအပေါ် မူတည်၍ ရောင်းချလျက်ရှိပါသည်။