Skip to main content

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေ

လူမှု့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေ ၁။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ဟိုတယ်လုပ်ငန်းလိုင်စင်၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များထုတ်ပေးထားမှုမှာ အောက်ပါ အတိုင်းဖြစ်ပါသည်- (က) ဟိုတယ်လုပ်ငန်း (၁၅၇၁)လုံး (၇၇၅၃၃)ခန်း (ခ ) တည်းခိုရိပ်သာလုပ်ငန်း (၆၃၉)လုံး (၁၂၄၀၉)ခန်း (ဂ ) ခရီးလှည့်လည်ရေးလုပ်ငန်း (၄၁၆၉)ခု (ပြည်တွင်း၊ ပြည်၀င်ခရီးစဉ်/ ပြည်ပခရီးစဉ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုထား) (ဃ) ဧည့်လမ်းညွှန်လုပ်ငန်း (၉၄၄၇)ခု (National Guide/Regional Guide) ၂။ မြန်မာနိုင်ငံသို့ ပြည်ပ ဧည့်သည် ၂၀၂၀ ပြည့်နှစ်အတွင်း (၉၀၃၃၄၃)ဦး ၀င်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် (၄၃၆၄၁၀၁)ဦး ရှိသဖြင့် နှိုင်းယှဉ်ပါက (၃၄၆၀၇၅၈)ဦး၊(-၇၉%) လျော့နည်းခဲ့ပါသည်။ ၃။ COVID-19 ကြောင့် ယာယီပိတ်သိမ်းထားသည့် ဟိုတယ်၊ တည်းခိုရိပ်သာများ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် စစ်ဆေးရခြင်း မရှိသေးဘဲ ဖွင့်လှစ်ထားသည့် ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ဘေးကင်းလုံခြုံစွာ တည်းခိုနေထိုင်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ အကြံပြုချက်၊ ညွှန်ကြားချက်များနှင့်အညီ ပြုစုထားသည့် Tourism National Guideline Safe Services နှင့် Enchanting Myanmar Health and Safety Protocol တို့နှင့်စစ်ဆေးပြီး အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါ သည်။ ၄။ COVID-19 ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ဧရာ၀တီတိုင်းဒေသကြီးငွေဆောင်၊ချောင်းသာကမ်းခြေနှင့်နေပြည်တော်‌ကောင်စီ၊တိုင်းဒေသကြီးနှင့် ပြည်ယ်များရှိ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည့် အစီအမံများကို နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများမှ ရေးဆွဲတင်ပြ ထားပြီး စီမံချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ၅။ COVID-19 ကြောင့် ထိခိုက်ခဲ့ရသော မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည် ကုစားရေးအတွက် ၀န်ကြီးဌာနအနေဖြင့် ၈-၄-၂၀၂၀ ရက်စွဲပါစာဖြင့် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၀)ဖြင့် လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများကို ၁-၄-၂၀၂၀ ရက်‌နေ့မှ ၃၁-၃-၂၀၂၁ ရက်နေ့ ကာလအထိ တစ်နှစ်တာ ကာလအထိ ကင်းလွတ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ကျပ်သန်းပေါင်း (၁၅၉.၀၈) သန်း ကင်းလွတ်ခွင့်ပြုပေးခဲ့ပါသည်။ ၆။ Coronavirus Disease 2019 (COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက COVID-19 ကြောင့် လတ်တလော စီးပွားထိခိုက်မှုအများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ COVID-19 Fund မှ ချေးငွေများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ထုတ်ချေးခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ချေးငွေရရှိရေး အတွက် ဆက်စပ်၀န်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းပေါင်း (၅၈၃) ခုအား ချေးငွေကျပ်သန်းပေါင်း (၂၁၄၁၇.၂၀) ကို ရရှိရေး ဆောင်ရွက်ပေးခဲ့ပါသည်။