Skip to main content

၁။ Enchanting Myanmar Health and Safety Protocol အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ

၁။ Enchanting Myanmar Health and Safety Protocol အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ (က) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID - 19 ကာလအတွင်းနှင့် အလွန်ကာလ များတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာရန်နှင့် ဦးမော့လာစေရေးအ တွက် ခရီးသွားဧည့်သည်များအား ခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခြင်း၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခြင်းစသည့် လုပ်ငန်း များဆောင်ရွက်ရာ၌ သက်ဆိုင်ရာလုပ်ငန်းခွင်များအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် ကျန်းမာရေးနှင့်ဘေး အန္တရာယ်ကင်းရှင်းစွာတည်းခိုနေထိုင်နိုင်သည့်ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက် ဆိုင်များအဖြစ် စနစ်တကျသတ်မှတ်ပေးနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် များအတွက်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစသည့်ဝန်ဆောင်မှုပေးနိုင်သောခရီး စဉ်ဒေသများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အား COVID-19 Safe Services အသိအမှတ်ပြုတံဆိပ်များ စနစ်တကျသတ်မှတ်ပေးအပ် နိုင်ရန်၊ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပုံရိပ်ကိုမြှင့်တင်ပေးရန်ရည်ရွယ်၍ “Enchanting Myanmar Health and Safety Protocol” အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအ စဉ်ကို ရေးဆွဲ ပြုစုခဲ့ပြီးဖြစ်ပါသည်။ (ခ) “Enchanting Myanmar Health and Safety Protocol ” အစီအစဉ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအဆင့် (Regional Level)၊ အမျိုးသားအဆင့် (National Level)နှင့် နိုင်ငံ တကာအဆင့် (International Level)စသည့် အဆင့်(၃)ဆင့်ပါဝင်ပါသည်။ (ဂ) ပထမအဆင့်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအဆင့် (Regional Level) တွင် လာမည့် COVID-19 အလွန်ကာလ၌ မိမိတို့သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဤဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health and Safety Guidelines (Beta Version VII)များနှင့်ညီညွှတ်ခြင်းရှိ မရှိ စစ်ဆေးပြီး Reopening Certificates များထုတ်ပေးခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (ဃ) ဒုတိယအဆင့်အနေဖြင့်နိုင်ငံအဆင့် (National Level)တွင် Online “EnchantingMyanmar Health and Safety Protocol” Websiteတည်ဆောက်ခြင်းအပါအဝင်လိုအပ်သော လေ့ ကျင့်သင်ကြားမှုများ ပြုလုပ်ပေးမည့် သင်တန်းဆရာများ လေ့ကျင့်သင်ကြားမွေးထုတ်နိုင် ရေး (Training of Trainer)နှင့် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးနိုင်ရေး၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ COVID- 19 Safe Services များအဖြစ် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စိစစ်ပေးမည့်အကဲဖြတ်စစ်ဆေးသူများလေ့ကျင့်မွေးထုတ်ရေးအတွက်အကဲဖြတ်စစ်ဆေး သူဆရာဖြစ်သင်တန်း (Inspector Training) သင်တန်းဖွင့်လှစ်ရေးနှင့် အသိအမှတ်ပြု လက်မှတ်များပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် လမ်းညွှန်မှုနှင့်အညီ ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍“ National Level Health and Safety Protocol Plaque ” များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ (င) တတိယအဆင့်အနေဖြင့် နိုင်ငံတကာအဆင့် (International Level)တွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ အသုံးပြုနေသော “ Health and Safety Guidelines ” များကို “World Travel and Tourism Council – WTTC”မှ ချမှတ်ထားသော Guidelines များ နှင့် ကိုက်ညီမှုရှိစေရန် WTTC အဖွဲ့အစည်းနှင့်ညှိနှိုင်းပြီး နိုင်ငံတကာအဆင့် WTTC ၏ Safe Travel Logo ထည့်သွင်းပေးအပ်နိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါသည်။ (စ) အလားတူ အထက်ဖော်ပြပါ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ(၇)ရပ်အ တွက် သတ်မှတ်ပြဌာန်းမည့် လမ်းညွှန်ချက် (Guidelines)များနှင့် လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက် (Protocols)များပါဝင်သည့် Health and Safety Protocol စာအုပ်၊ Operator Manual စာအုပ်များထုတ်ဝေခြင်း၊ “ Enchanting Myanmar Health and Safety Protocol” အစီအစဉ်တွင် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာလုပ်ငန်းများမှ မှတ်ပုံတင် ခြင်း ဆောင်ရွက်နိုင်ရန် Enchanting Myanmar Health and Safety Website တည် ထောင်ခြင်း၊ သင်တန်းများပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ (ဆ) အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သောလေ့ကျင့် သင် ကြားမှုများပြုလုပ်ပေးမည့် သင်ကြားရေးဆရာများမွေးထုတ်နိုင်ရေးနှင့် အကဲဖြတ်စိစစ် ပေးမည့်သူများ မွေးထုတ်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် COVID - 19 Safe Service Master Trainer (ToT) ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူးသင်တန်း (Inspector Training for Inspection)များကို COVID-19 Safe Service Master Trainer (TOT)သင်တန်းများကို သင်တန်း(၁)ကြိမ်လျှင် သင်တန်းသား(၃၀)ဦးစီ ပါဝင်ကာ သင်တန်း (၁၀)ကြိမ်ဖြင့် စုစုပေါင်း သင်တန်းသား(၃၀၀)ဦးဖြင့်လည်းကောင်း၊ Swisscontact အဖွဲ့ အစည်း၏ စီစဉ်မှုဖြင့် COVID-19 Safe Service Master Trainer (TOT) သင်တန်း (၁) ကြိမ်ကို သင်တန်းသား (၃၀)ဦးဖြင့်လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းများကို (၁)ရက်လျှင် သင်ကြား ချိန်(၄)ချိန်နှုန်းဖြင့်သင်တန်းကာလ(၄)ရက်၊ သင်ကြားချိန်(၁၆)နာရီကြာ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ပြီးသင်တန်းဆရာများအား သင်တန်း(၁)ချိန်လျှင် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် လည်း ကောင်း၊သင်တန်းသား(၁)ဦးအတွက်(၁)ရက်လျှင် နေ့တွက်စရိတ်(၄၈၀ဝိ/-)ကျပ်နှုန်းဖြင့် လည်းကောင်း ဝန်ကြီးဌာနမှထောက်ပံ့ပေးအပ်လျှက်ရှိပါသည်။ (ဇ) အထက်ဖော်ပြပါ သင်တန်းဆင်းဆရာများဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာဆင့်ပွားသင်တန်းများကို ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ၊ စားသောက် ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ စသည့် လုပ်ငန်းနယ်ပယ်(၇)ခုအတွက် သင်တန်း(၁)ကြိမ်လျှင် သင်တန်းသား(၃၀)ဦးဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် စုစုပေါင်းအကြိမ် (၆၀)အား သင်တန်းသား (၁၈၀၀) ဦးခန့်ဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ သင်တန်းများကို (၁) ရက်လျှင် သင်ကြားချိန် (၂)ချိန်နှုန်းဖြင့် သင်တန်းကာလ (၅)ရက်၊ သင်ကြားချိန် (၁၀)နာရီကြာ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး သင်တန်းဆရာများအား သင်တန်း(၁)ချိန်လျှင် (၁၀၀၀ဝိ/-)ကျပ် နှုန်းဖြင့်လည်းကောင်း၊ သင်တန်းသား (၁)ဦး အတွက် (၁)ရက်လျှင် နေ့တွက်စရိတ် (၄၈၀ဝိ/-)ကျပ်နှုန်းဖြင့်လည်းကောင်း ဝန်ကြီးဌာနမှထောက်ပံ့ပေးအပ်လျှက်ရှိပါသည်။ (ဈ) ထို့အပြင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့၏ဦးဆောင်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ တိုင်းဒေ သကြီးနှင့်ပြည်နယ်အသီးသီးရှိနယ်ရုံးခွဲများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်း အဖွဲ့တို့၏ ပူးပေါင်းပါဝင်မှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှု၊ COVID - 19 Safe Service Master Trainerနှင့် Inspector Training သင်တန်းတက်ရောက်အောင် မြင်ခဲ့သည့် သင်ကြားရေးဆရာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များမှကိုယ်စားလှယ်များ၏သင်ကြားမှုဖြင့် COVID-19 အလွန်ကာလတွင်ခရီး သွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သည့်အခါ အရေးပါ ဆုံးလိုအပ်ချက်ဖြစ်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကျွမ်းကျင်မှု များနှင့် ဆောင်ရန်/ရှောင်ရန်များကို သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ပါဝင်ဆောင် ရွက်နေသူများအား ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ Online သင်တန်းများကို ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များနှင့် သင်တန်းကျောင်းများမှ Outsourcing ပုံစံဖြင့် သင်တန်းများပို့ချဆောင်ရွက်လျက်ရှိပါသည်။ ၂။ မြန်မာနိုင်ငံခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံရေးဆွဲအကောင် အထည်ဖော်မှု အခြေအနေ (က) ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံခရီးသွားကဏ္ဍကိုဆိုးရွားစွာထိခိုက်စေခဲ့သည့် COVID-19 ကပ်ရောဂါသက်ရောက်မှုများကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည် ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap-MTSRR)ကိုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO) နှင့် လူဇင်ဘတ်နိုင်ငံ၊ လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းရေးဆွဲခဲ့ပါသည်။ (ခ) COVID - 19 ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် ရေးဆွဲထားသော MTSRR ကို အောက်ပါအတိုင်း ကာလ(၃)ရပ်တွင် အကောင်အထည်ဖော်ရန် ရေးဆွဲထား ပါသည်- - လတ်တလောဦးစားပေး ပြည်တွင်းခရီးသွားကဏ္ဍ ပြန်လည်စတင်နိုင်ရန်နှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်တို့အတွက်စိတ်ချယုံကြည်မှုများပြန်လည်ဖြစ်ပေါ် လာစေရန်။ - ကာလလတ်ခရီးသွားဧည့်သည်များ၏ ဝယ်လိုအားကို ပြန်လည်ပျိုးထောင်ရန်နှင့် ခရီးသွားရောင်းကုန်ကမ်းလှမ်းချက်များကို မြှင့်တင်ရန်။ - ကာလရှည်ပို၍ခံနိုင်ရည်ရှိသော၊ ဟန်ချက်ညီသော တာဝန်သိ၍ ရေရှည်တည်တံ့ သော ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးလာစေရန်။ (ဂ) ဤ MTSRR လမ်းပြမြေပုံ၌ မြန်မာ့စီးပွားရေးတွင် အထောက်အကူပြုလျက်ရှိသော ခရီး သွားလုပ်ငန်းကဏ္ဍအပေါ် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများကို အောက်ပါအ တိုင်း ခြုံငုံသုံး သပ်ထားပါသည်− - COVID - 19 ကပ်ရောဂါမတိုင်မီ ခရီးသွားလုပ်ငန်းကဏ္ဍ ပြောင်းလဲရန်လိုအပ် သည့်အချက်များနှင့် ပိုမိုကောင်းမွန်စွာ ပြန်လည်စတင်နိုင်မည့် အခွင့်အလမ်းများ ကိုအနှစ်ချုပ်ဖော်ပြထားပါသည်။ - ခရီးစဉ်ဒေသအသစ်များနှင့် ထုတ်ကုန်အသစ်များဖော်ဆောင်ရန် မူဘောင်ရေးဆွဲ တည်ဆောက်နေခြင်းနှင့်တပြိုင်နက် အားလုံးပါဝင်ဆောင်ရွက်ခွင့် ပိုမိုရရှိရေး၊၊ နိုင်ငံသားများ၏ အကျိုးပိုမိုဖြစ်ထွန်းနိုင်ရေးတို့ကိုရည်ရွယ်၍ နိုင်ငံ၏ခရီးသွား လုပ်ငန်းအတွက် သင့်လျော်မည့် ဖွဲ့စည်းတည်ဆောက်ပုံအသစ်တစ်ခုကို အကြံပြု ထားပါသည်။ - အနာဂတ်ဖြစ်နိုင်ခြေများအတွက် အကြံပြုလုပ်ဆောင်ချက်များနှင့် အပြောင်းအ လဲပြုလုပ်ရန် လိုအပ်ချက်များပါဝင်သည်။ - လတ်တလောဦးစားပေး၊ ကာလလတ်နှင့် ကာလရှည်တို့တွင် ခရီးသွားလုပ်ငန်း ကဏ္ဍပြန်လည်တည်ဆောက်ရန် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်မည့် လုပ်ဆောင် ချက်များကို မဟာဗျူဟာ(၁၈)ရပ်နှင့် လုပ်ဆောင်ချက်(၉၃)ချက်ကို တင်ပြထား ပါသည်။