Oct 20, 2022
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအရေးကြီးပြီး အဓိကမောင်းနှင်အားဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတကာ အဆင့်မီ သိပ္ပံ၊ နည်းပညာဆိုင်ရာဝန်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှုတွင် ဒီဂျစ်တယ် နည်းပညာနှင့် ICT အခြေပြု ဆန်းသစ်သော သင်ကြားသင်ယူမှုစနစ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ပြီး တက္ကသိုလ်များနှင့် ကောလိပ်များကို အရည်အသွေးအာမခံမှုနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုများ ပိုမိုတိုးပွားလာစေရေး မဟာဗျူဟာများလည်း ချမှတ်ထားရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 20, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 19, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် အောက်တိုဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ လမ်းဦးစီးဌာန၊ အဆောက်အဦဦးစီးဌာန၊ 8soCfP12Ph19mi914zQaZz2KsGGtcANVhVVfKAnmVRqM တာဝန်ရှိသူများနှင့်အတူ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများနှင့်အတူ မိတ်ဆုံစားပွဲပြုလုပ်ပြီး နေ့လယ်စာ အတူစားသုံးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အများပြည်သူ အားလပ်ရက်များ၌ အပန်းဖြေလာရောက်ရာတွင် ကုန်းလမ်းအပြင် ရေလမ်းဖြင့် လာရောက်လည်ပတ်နိုင်ရန်အတွက် ဆိပ်ခံဗောတံတားတစ်စင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Regal Strength Co.,Ltd က ငွေကျပ် ၄၄၉ ဒသမ ၅၀၅ သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူတည်ဆောက် ပေးလျက်ရှိသည်။ ထိုဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် လမ်းနှစ်သွယ်ဝင်ရောက်နိုင်သည့်အတွက် အများပြည်သူ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်တော့မည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် အရိုးရောဂါအထူးကုဆေးရုံကြီး - ရန်ကုန်သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများက ငါးထပ်ဆေးရုံ အဆောက်အအုံသစ်နှင့် ရှစ်ခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုကို လည်းကောင်း၊ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မုံရွာမြို့အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားနှစ်ဦး သေဆုံး” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
နိုင်ငံတော်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော Smart City များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပြဒေသသုံး ဆိုလာစနစ်များ တပ်ဆင်အသုံးပြုမှုသည် အခရာကျလှကြောင်း၊ Smart City ၏ အင်္ဂါရပ်များတွင် Energy Efficient Smart Building များ၊ Smart Home များ၊ Electric Vehicle များ၊ Data Centre များ စသည်တို့ပါဝင်ကြောင်း၊ ခေါင်မိုးများပေါ်တွင် တပ်ဆင်အသုံးပြုသည့် စနစ်နှင့် မြေပေါ်တွင် တပ်ဆင်အသုံးပြုသည့် Ground-mounted Solar PV စနစ်များရှိကြောင်း၊ ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်စေရန်အတွက် မြို့ပြဒေသသုံး ဆိုလာစနစ်များ တိုးမြှင့်သုံးစွဲနိုင်စေရေး အလေးပေးကာ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 18, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာအုပ်စု၊ အိမ်ခြေ ၆၇ အိမ်၊ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၁၀၅ ဦးရှိ အောင်စေတနာ ကျေးရွာဓမ္မာရုံတွင် ရွာသူရွာသားများနှင့် တွေ့ဆုံကာ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကျေးရွာ၏ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ၊ ဆောင်ရွက်ပေးရမည့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး ရာသီသီးနှံများ စိုက်ပျိုးရန်အတွက် စမ်းဝတီသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 17, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ်၊ ၃/၂၀၂၁ (မကွေး)၊ ၁၅ / ၂၀၂၁ ( ရန်ကုန် ) ၊ ၄၁ / ၂၀၂၀ (မွန်) ၊ ၂၁/၂၀၂၂ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 17, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့နှင့်အတူ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက မြောင်းမြမြို့ရှိ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေး အခြေခံစားသောက်ကုန်ထုတ်လုပ်မှုများကြည့်ရှုပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များကို ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေး အခြေခံစားသောက်ကုန်ထုတ်လုပ်မှုများကြည့်ရှုပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များကို ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 17, 2022
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 17, 2022
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းမှတစ်ဆင့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း တစ်လျှောက်ကိုလည်းကောင်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာ- တောင်ကြီး- လမ်းပိုင်းကို လည်းကောင်း၊ တောင်ကြီးမြို့နယ် စဝ်စံထွန်း ဆေးရုံကြီး၌ သုံးထပ်လူနာဆောင် ပေ (၅၀x ၆၀) ဆောက်လုပ်နေမှုကို လည်းကောင်း၊ ဟိုပုံးမြို့ နိုင်ငံ့ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ လေးထပ်အိမ်ရာ စီမံကိန်းသို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 16, 2022
မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 16, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လပွတ္တာမြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ မော်လမြိုင်ကျွန်းမြို့ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 16, 2022
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာပညာရေးကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး (12th ASEAN Education Ministers Meeting– 12th ASED) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့်(၆)ကြိမ်မြောက် အာဆီယံအပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေး (6th ASEAN Plus Three Education Ministers Meeting – 6th APT EMM)၊ (၆) ကြိမ်မြောက်အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး (6th East Asia Education Ministers Meeting – 6th EAS EMM) များကို တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
