Jan 06, 2026
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ဦးစီးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 06, 2026
၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန်ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရေပြာဂေါက်ကွင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် ပြည်ပသံရုံးများမှ သံတမန်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 05, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 05, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 04, 2026
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ဆည်၊ ကန်၊ တမံ၊ ရေသောက်စနစ်နှင့် ရေတင်လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ချောင်းမငယ်ဆည်ရေသောက်စနစ်နှင့် မဒန်းဆည်ရေ သောက်စနစ်အတွင်းရှိ တူးမြောင်းများ၊ တူးမြောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ချောင်းမငယ် ရေလှောင်တမံမှဆင်အုံကန်သို့ မြို့သောက်သုံးရေအတွက် ရေဖြည့်တင်းနေမှု၊ ဆင်အုံကန် ရေသိုလှောင်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 04, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 04, 2026
(၉၅)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ “ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 04, 2026
၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် မာရသွန်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများ၊ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ၊ ခေါင်းအုံးရိုက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)အပြေးပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက် ၆ နာရီမှစတင်၍ နေပြည်တော် ရာဇဌာနီလမ်း၊ ဥပ္ပါတ္တသန္တိစေတီတော်ဘုရားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)၊ (၃)နှင့် (၄) တို့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 04, 2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 04, 2026
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး နှင့်အတူ ဘက်ထရီလျှပ်စစ်စက်ခေါင်းအမှတ်၊ 1600-04 ဖြင့် နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း၌ ရထားစမ်းသပ်မောင်းနှင်နေမှုကို လိုက်ပါစီးနင်းပြီး လမ်းပိုင်းနှင့်ဘူတာများ၊ တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 03, 2026
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပျဉ်းမနားမြို့ နယ်မြေ(၁၆) ရန်အောင်(၂)ရပ်ကွက်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ သည့် မီးလောင်မှုဖြစ်စဉ်ကြောင့် တပေါင်းကွင်း ယာယီကယ်ဆယ်ရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော မီးဘေးသင့်ပြည်သူများအား ယနေ့ သွားရောက်တွေ့ဆုံအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 03, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များနှင့် လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီ မှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၃)နှင့်(၄)တို့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 03, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ L&Z Marine Food Products LTD (အအေးခန်းစက်ရုံ) သို့ ရောက်ရှိရာ စက်ရုံတာဝန်ရှိသူက တစ်နေ့လျှင် အအေးခဲထုတ်လုပ်နိုင်မှုပမာဏ ၂၅ တန်ရှိပြီး တန် ၁၅၀၀ ဆံ့ သိုလှောင်အအေးခန်းဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ စက်ရုံမှ အရည်အသွေးမြင့်ထုတ်ကုန်များကို သန့်ရှင်းစွာဖြင့် ထုတ်လုပ်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် သင်တန်းများ တက်ရောက် စေခြင်း၊ ညွှန်ကြားထားသည့် စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှု၊ တင်ပို့မှုလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး စက်ရုံအနေဖြင့် EU၊ Saudi နိုင်ငံများသို့ တင်ပို့ရရှိမှုအတွက် ခွင့်ပြုချက် ရရှိထားပြီဖြစ်၍ ရေချိုငါး၊ ရေငန်ငါးမျိုးများအား အများဆုံးတင်ပို့ လျက်ရှိပါကြောင်းနှင့် နှစ်အလိုက် တင်ပို့မှု တန်ချိန်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 03, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကွယ်လွန်သွားသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သံလွင်လမ်းအမှတ် ၁၁ (ဘီ) မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှိ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့သွားရောက်လက်မှတ်ရေးထိုးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 03, 2026
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီဝင် ဦးဇေယျာလင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ဖောင်တော်ချက်မစေတီဝင်းအတွင်း၌ လယ်ဝေးမြို့နယ်အတွင်းရှိ MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 03, 2026
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး၍ တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို့ သိုလှောင်ထားရှိပြီးဖြစ်ရာ တာဘိုင် Unit(1) နှင့် (2) လည်ပတ်ကာ လျှပ်စစ်ဓာတ်အားများ စတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 03, 2026
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး၍ တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို့ သိုလှောင်ထားရှိပြီးဖြစ်ရာ တာဘိုင် Unit(1) နှင့် (2) လည်ပတ်ကာ လျှပ်စစ်ဓာတ်အားများ စတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 01, 2026
၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ၂ ၌ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နှစ်သစ်ကူးညတွင် ပြည်သူများ၊ လူငယ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ကွင်းပြည့်ကွင်းလျှံ လာရောက်ပါဝင်ဆင်နွှဲကြပြီး နှစ်သစ်ကို ပျော်ရွှင်စွာ အတူတကွကြိုဆိုကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
