Skip to main content

Aug 13, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Iori KATO အား ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန် (၁) ရာဇသင်္ဂဟလမ်းမကြီးရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဧည့်သည်လက်ခံ၍ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။        

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ယာယီရုံးအဆောက်အအုံ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့်အတူ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ် (မော်လမြိုင်) သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက် တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နောင်ချိုမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းလုပ်ငန်းကို One Stop Service ဖြင့် စိစစ်ထုတ်ပေးနေမှုကိုလည်းကောင်း၊ နိုင်ငံသားကတ်ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotal Max ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်းများကို လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 13, 2025

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 12, 2025

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ3X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD SONG L အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD SE‌ALION 07 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 11, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီရတနာပုံပင်မ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။         

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 11, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာနိုင်ငံဘော်လီဘော ဒိုင်လူကြီး (Referee) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများ၊ ဒိုင်လူကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 11, 2025

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် ကံဆိပ်ကျေးရွာလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 11, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာအုပ်စုရှိ စပျစ်စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 10, 2025

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 10, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း) ပင်မဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု၊ ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီဘဲလင်းပင်မဓာတ်အား ခွဲရုံများမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် Power Gen (ကျောက်ဆည်) သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 10, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အမျိုးသား/ အမျိုးသမီးအားကစားသမားများနှင့် အမျိုးသမီးကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ အဖွဲ့လိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားသမားများကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်