Skip to main content

Aug 19, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသည့် မန္တလာတက္ကသိုလ်မှ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ် အထူးပြုပထမနှစ်ကျောင်းသား ကျောင်းသူများအား ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၅)စက်မှုသင်တန်းကျောင်း၌ သင်တန်းသားများအား စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးနေမှုနှင့် မကွေးအချိုရည်နှင့်ရေခဲစက်ရုံ၊ ဆပ်ပြာစက်ရုံ(မကွေး)တို့၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ရှိ မဟာဘွဲ့နှင်းသဘင် အဆောက်အအုံပျက်စီးမှုနှင့် ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးရှိ အဆောက်အအုံများပျက်စီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်ကြံ့ခိုင်မှုရှိစေရန် အရည်အသွေးပြည့်မီသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရန်နှင့် အဆောက်အဦ SOPနှင့် အညီ ပြုပြင်ဆောင်ရွက်သွားရန် မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူတည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာရောဂါကုသရေးဌာန (Oncology Unit) အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

မွေးမြူရေးသုတေသနဆိုင်ရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဖွံ့ဖြိုးရေးနှင့်တိုးတက်အောင်မြင်ရေးအတွက် သုတေသနလုပ်ငန်းကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစိုက်မတ်မတ်အားထုတ်ကြိုးပမ်းမှုမှ ထွက်ပေါ်လာသည့် သုတေသနရလဒ်ကောင်းတစ်ခုက အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သည်ကို သတိပြု၍ မိမိတို့နိုင်ငံ၏ မွေးမြူရေးကဏ္ဍ ပြောင်းလဲတိုးတက်ရေးအတွက် မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ်ဆေးစက်ရုံကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Myanma Pesticides Industry Co., Ltd. ၏ တမာပိုးသတ်ဆေး ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုတိုးတက်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးများ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2025

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး၊ ကျောက်ဆည်ခရိုင်ရုံး၊ ကျောက်ပန်းတောင်းမြို့နယ်ရုံးနှင့် ချောက်မြို့နယ်ရုံးတို့သို့ရောက်ရှိပြီး ရုံးနှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 18, 2025

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ဆန်းချီရပ်တွင် တည်ဆောက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာစင်တာ Ethnic Centerကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 18, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်မွေးမြူရေးခြံနှင့် သာစည်မြို့နယ် ကုန်းတောင်းကျေးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်မွေးမြူရေးခြံများသို့ သွားရောက်၍ လက်ရှိအသားတိုးဝက် မွေးမြူထားရှိမှုနှင့် ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 18, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံဘော်လီဘောဒိုင်လူကြီး (Referee) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 18, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရှိ ရှေးဟောင်းအဆောက်အအုံများ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများ ကိုလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများကလှူဒါန်းသည့် ကြေးဗုဒ္ဓ ဆင်းတုတော်၊ ဓမ္မစေတီ၊ ဓာတ်တော်၊ စေတီတော်များနှင့် အလှူငွေများကို သီတဂူဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းကာ သီတဂူဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 18, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မီတာစမ်းသပ်စစ်ဆေးရေးဌာန (Test Lab) မှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 17, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ သင်တန်းဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 16, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 16, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ရန်ကုန်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး မစ္စစ် အေယာမိုဟာမက်အာဘ်ဒယ်ကာရင်ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 16, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 16, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 16, 2025

စွမ်းအင်ဝန်ကြီးဌာနနှင့်စက်မှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်နှင့် ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ မြန်မာ့လယ်ယာသုံးကိရိယာစက်ရုံ (အင်းကုန်း) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်ပေးနိုင်မှု၊ သုတေသနလုပ်ငန်းဆောင်ရွက်၍ လယ်ယာသုံးပစ္စည်းများ စမ်းသပ်ထုတ်လုပ်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်