Skip to main content

Mar 04, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရေကူးအသံလွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Sberbank” ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ မစ္စတာ အန်ဒရီအာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သာကေတမြို့နယ် မြခွာညိုလမ်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေကြသည့် ငွေရည်ပုလဲကုမ္ပဏီ၊ သိန်းထွန်းအောင် ကုမ္ပဏီနှင့် ဒဂုံတောင်ပိုင်းမြို့နယ်ရှိ သီရိမြင့်မြတ် ကုမ္ပဏီတို့ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေးနှင့် မီးဘေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီ၊ အာကာသပြတိုက်(ရန်ကုန်)တို့က ကြီးမှူး၍ ပထမဆုံးအကြိမ်အဖြစ် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲသို့ သွားရောက်လေ့လာကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

ဖိလစ်ပိုင်နိုင်ငံ အီလိုအီလိုမြို့၌ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များ (Forty-Ninth Meeting of the High-Level Task Force on ASEAN Economic Integration-49th HLTF-EI and Related Events)ကို မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေဒေသအတွင်း ခရီးသွားဧည့်သည်များ လည်ပတ်နေမှု၊ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဖော်ထုတ်ထားရှိသည့် ခရီးသွားဆွဲဆောင်ရာနေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ လေ့လာရေးခရီးလာရောက်ကြသည့် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံပွဲကို ယမန်နေ့ညပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေအေးကျောင်းတိုက်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရေကူးအသံလွှင့် စက်ရုံနှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2026

Seed Fair 2026 (မျိုးစေ့ပြပွဲ-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ကျင်းပရာ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မျိုးစေ့ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2026

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီး ရှေ့နောက်ဘေးပတ်ဝန်းကျင်နှင့် ဘူတာတောင်ဘက်နှင့် မြောက်ဘက်ရှိ ယာယီဝန်ထမ်းအိမ်ရာများ၊ ဝန်ထမ်းသက်သာအဖြစ် စိုက်ပျိုးထားရှိသော ငှက်ပျောခြံနှင့် သရက်ခြံပတ်ဝန်းကျင်များ သန့်ရှင်းသာယာရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထား ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်အပိုင်း) ရှိ ငလျင်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2026

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်း ပြန်လည်ပြုပြင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2026

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Mar 01, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာဟောပြောခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2026

ဒွါဒသမအကြိမ် ဘွဲ့နှင်းသဘင်နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိ ဘွဲ့ကြိုပဉ္စမနှစ်များတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူ ဘွဲ့ရမောင်မယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဆုရရှိသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2026

ဧရာဝတီတိုင်းဒေသကြီးရှိ ဟိုတယ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ သန့်ရှင်းသာယာလှပပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် တိုးတက်လည်ပတ်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဟိုတယ်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2026

မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2026

ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ထိမ်းမြားခြင်းကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိမ်းမြားမှုမှတ်ပုံတင် အရာရှိချုပ်နှင့် ထိမ်းမြားမှု လိုင်စင်ရသူများ၏ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ In Person / Virtual စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်