Feb 27, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 27, 2026
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပသည်။
Feb 27, 2026
ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy) ဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Eravati Hotel ၌ ကျင်းပသည်။
Feb 27, 2026
မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀) မြောက် ဆေးပညာညီလာခံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
Feb 27, 2026
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။
Feb 27, 2026
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂ဝ၃ဝ) လေ့လာဆန်းစစ်အကဲဖြတ်ခြင်း အညွှန်းဘောင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 27, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ World Trade Center ၌ ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တွင် ကျင်းပသည့် (၄) ကြိမ်မြောက် အနာဂတ်နည်းပညာများဆိုင်ရာဖိုရမ်သို့ တက်ရောက်သည်။
Feb 26, 2026
ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Feb 26, 2026
စိုက်ပျိုးရေးဦးစီးဌာန၏ အဋ္ဌမအကြိမ် စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 26, 2026
အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။
Feb 26, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရတို့အကြား ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်ရန် ပူးတွဲစီစဉ်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Haigeng Garden အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 26, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် AHA Centre ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 26, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲစစ်ဆေး နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
Feb 26, 2026
အမျိုးသားစီမံကိန်းဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ (၅၅) နှစ်မြောက် (မြရတု) ဂုဏ်ပြုစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် ၃၂ ၌ ကျင်းပသည်။
Feb 26, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သင်ကြား/ စီမံဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Feb 26, 2026
တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 26, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ စွယ်တော်ဘုရားသို့ သွာရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းသည်။
Feb 26, 2026
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 26, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ရန်ကုန် - မန္တလေးပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) ၏ တပ်ကုန်း-ရမည်းသင်း လမ်းပိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (မိတ္ထီလာ- တောင်ကြီးလမ်းပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Feb 26, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံတမန်သင်တန်းကျောင်းအဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပသည်။
