နယ်ရုံးများ၏သတင်းများ

May 27,2022
မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်းဖွင့်လှစ်သော အခြေခံဂစ်တာတီးနည်း သင်တန်း(အခမဲ့)ဆင်းပွဲကို ယနေ့နံနက်(၁၁)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 27,2022
ပဲခူးတိုင်းဒေသကြီး၊    ပဲခူးခရိုင်၊   ကဝမြို့နယ်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ   စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ  အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
May 27,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူလူငယ်များအား စာအုပ်စာပေပြပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်၊ စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့်
May 27,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ ညနေပိုင်းက အေရိုးဗစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
May 27,2022
လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့်  အသိပညာဗဟုသုတရရှိစေရန်နှင့်  လူအများနှင့် ပါဝင်ဆွေးနွေး တတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ  စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာပေဝါသနာရှင်များက စာရေးဆရာ ညီညီနိုင်၏လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူ စာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယမန်နေ့နံနက် (၁၀း၀၀) နာရီအချိန်က အလုံမြို့နယ်စာ​ပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ  စာ​ရေးဆရာ က​လောင်စုံ​ရေးသားသည့် ပညာတန်​ဆောင် ဝတ္ထုတိုများ စာအုပ်ဖြင့်  စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ စာအုပ်စာပေ များကို အလွယ်တကူဖတ်ရှု့နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်းသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။