နယ်ရုံးများ၏သတင်းများ

May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများအနေဖြင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်ကူးဉာဏ် ရင့်သန်စေရန်နှင့် ပန်းချီရေးဆွဲခြင်းဖြင့်
May 28,2022
ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းနေသည့် ကာလအတွင်းလည်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီ နှင့် အမဲသား၊ဆိတ်သားများအား ဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက်ရောင်းချပေးနေကြောင်း သိရသည်။
May 28,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာ ကြည့်တိုက်များအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေး အတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး e-Library Management System Software အသုံးပြုနည်းသင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
May 27,2022
ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားမှုပိုမိုတတ်သိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၃နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ အရောက်သွား ၍ စာအုပ်၊စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တစ်လကြာဖွင့်လှစ်သည့် ရပ်ရွာ အခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါခန်းမ၌ ကျင်းပသည်။
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက တောင်လားကျေးရွာအုပ်စု မြင်းဒိုက်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။