ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ပိုင်ကျုံ  မေ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့မွန်းလွဲ နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Book Club) အသင်းအဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ ဖေမြင့်ရေးသားသည့်  “နှလုံးသား အာဟာရ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် “နှလုံးသားအာဟာရ” စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြီးစာပေချစ်သူများအသင်းအဖွဲ့ဝင် ဒေါ်‌နော်နီးက “ဒုက္ခိတ ဘဝကို လက်မခံတဲ့ကောင်လေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မီးလောင်မှုတစ်ခုကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်လုံး ဆိုးဆိုးဝါးဝါး လောင်ကျွမ်းပျက် စီးပြီး အသက်ဆက်ရှင်မရတော့သည့် ဂလင်ကန်နင်ဟမ်ဆိုသည့် ကောင်လေးတစ်ဦးအား ပညာရေးဘက်တွင် အောင်မြင်ကာ ဒေါက်တာဂလင်ကန်နက်ဟမ်၏ ဇွဲလုံ့လဝိရိယရှိပုံနှင့်စိတ်အားထက်သန်ပုံများကို ဆွေးနွေးပြီး ဦးစိုးဝင်းက “အမေ့မျက်နှာပေါ်က အမာရွတ်” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် သားသမီးအပါ်ထားသည့် မိဘမေတ္တာများအကြောင်းများကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက ှလုံးသား အာဟာရ စာအုပ်ပါ‌ ခေါင်းစဉ်များမှ အကြောင်းအရာများ၊ သိသင့်သိထိုက်သည်များကို အချင်းချင်းဗဟုသုတဖလှယ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)