ထန်းတပင်(ပဲခူး) မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံမြန်မာ့သိုင်း သင်တန်း(အခမဲ့) သင်တန်းဖွင့်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မြန်မာ့သိုင်းပညာနည်းပြဆရာ ဦးအောင်ဇင်မျိုးမှ မြန်မာ့သိုင်းပညာသင်ကြားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ(၂၆)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ (၆)ရက်ကြာ၊ နည်းပြဆရာ(၂)ဦးတို့မှ (အခမဲ့) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)