ဘားအံ မေ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်နှင့် ပြည်သူ့စာကြည့်တိုက်သို့ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ပြတိုက်ငယ်Mini Museumနှင့် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ပြတိုက်ငယ် Mini Museumတွင် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားယဉ်ကျေးမှု အသုံး အဆောင်ပစ္စည်းများ၊ ကရင်တိုင်းရင်းသားတို့၏ လက်မှု အနုပညာပစ္စည်းများ၊ ကရင်ဘာသာဖြင့်ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ ကျောင်းသင်ခန်း စာများ၊ ကရင်ပြည်နယ်မှထွက်ရှိသော သဘာဝတွင်းထွက်ကျောက်များအကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ လယ်ယာသုံးပစ္စည်းများအကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အထင်ကရ ဂူဘုရားသမိုင်းများအကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ပညာရပ်အလိုက် မျိုးတူစုများခွဲ၍ ထားရှိပုံ၊ စာဖတ်စာငှားဝန်ဆောင်မှုပေးနေပုံများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို မျှဝေဆွေးနွေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)