နယ်ရုံးများ၏သတင်းများ

Jul 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အုတ်ကျွတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။
Jul 05,2024
ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ ရှင်သန်ခိုင်မာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆင့်ပွားသင်တန်း (၁/၂၀၂၄) အခမ်းအနားကျင်းပပြုလုပ်လျက်ရှိရာ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ကလောမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း (မူလွန်) (စာတိုက်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏‌ထောက်ပံ့လမ်းညွှန်မှုနှင့် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၄/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Jul 05,2024
ကျောင်းသား​၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး စာဖတ်သည့်အ​လေ့အထ ဖြစ်ပေါ်လာ​စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက သာယာဝတီခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက အ.မ.က အုတ်သျှစ်ကုန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။
Jul 05,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကွန်းကျေးရွာ၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။