ကျေးသီး ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြေစိုက်နံရံကပ်စာစောင်ပြသခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြေစိုက်နံရံကပ်စာစောင်ပြသရာတွင် ယခုလအတွက် မူးယစ်ဆေးဝါးအသိပညာပေးများ၊ လူကုန်ကူးမှုအန္တရာယ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများနှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ကာတွန်းများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်ထားရှိမှုအပေါ် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်းနှင့် မြေစိုက်နံရံကပ်စာစောင်ပြသခြင်းများအား တစ်လနှစ်ကြိမ် လဲလှယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းငင်း (ပြန်/ဆက်)