နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ      

နတ်မောက်  ဇွန် ၁၁                                                                                       

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘိုတွင် ပြုလုပ်သည်။   

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး) က ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့် ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ လူငယ်တွေဟာ အရာရာကိုစူးစမ်းချင်တဲ့ သဘောရှိပါကြောင်း၊ လူဆိုတာ မနက်ဖန်လို့ခေါ်တဲ့ အနာဂတ်အတွက် ရှင်သန်နေတဲ့သူတွေဖြစ်တာကြောင့် အနာဂတ်လှပဖို့ ကြိုတင်ပြင်ဆင်မှုများရှိဖို့ လိုအပ်ပါကြောင်း၊ လူငယ်များရဲ့ အနာဂတ်လှပဖို့ ဘာပဲလုပ်လုပ် ရည်မှန်းချက် ထားရမှာဖြစ်ပါကြောင်း၊ ရည်မှန်းချက်မရှိတဲ့ သူဟာ ပဲမရှိတဲ့လှေတစ်စင်းကို လှော်ခတ်နေရသလိုပဲရှိမှာဖြစ်ပါကြောင်း၊ ဒါကြောင့် သားတို့သမီးတို့အနေဖြင့် ကျောင်းစာများသင်ယူနေချိန်မှာ ပြင်ပဗဟုသုတရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

လှဝင်း