တောင်တွင်းကြီးမြို့နယ်၌ ရေဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်တွင်းကြီး ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရေဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တောင်တွင်းကြီးမြို့ အမှတ် (၂) အခြေခံပညာအထက်ကျောင်းနှင့် ရွှေအိုး (၁) ရပ်ကွက်တို့၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခိုင်မိုမိုဇင်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ နှင့်  ဒေသခံပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက်ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များစသည့်အချက်များ ပါရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)