နယ်ရုံးများ၏သတင်းများ

Jul 30,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစု စားသုံးရန်နှင့် အပိုဝင်ငွေ ရရှိစေရန် မိုးရာသီကာလ၌ ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ကံရွာနှင့်ထိန်ကုန်းကျေးရွာများ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်နေမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်သည့် ကျေးရွာများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) ၌ ကျင်းပခဲ့သည်။
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အ.ထ.က နတ်တလင်းကျောင်းတွင် ကျင်းပမည်ဖြစ်ရာ အကြိုပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဗိုလ်တထောင်မြို့နယ် မြို့နယ်စာတိုက်တွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်အပြင် စာအုပ်စာစောင်များကို အလွယ်တကူပိုမိုငှားရမ်း ဖတ်ရှုနိုင်စေရေးအတွက် ဖြူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 25,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။