မော်လမြိုင်ခရိုင် သဘာ၀သယံဇာတများ၏ အရေးပါမှုအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

မော်လမြိုင် ဇွန် ၁၈

မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀သယံဇာတများ၏ အရေးပါမှုအကြောင်း  အသိပညာပေး(TalkShow)ကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် ပြည်နယ်ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးမှ ဦးစီးအရာရှိ ဒေါ်မေမြင့်သူတို့က သဘာ၀သယံဇာတ၏ အဓိပ္ပါယ်၊ သယံဇာတအမျိုးအစားများ၊ ပြန်လည် ပြည့်ဖြိုးနိုင်တဲ့သယံဇာတနှင့် မပြည့်ဖြိုးနိုင်သည့် သယံဇာတများ အကြောင်း၊ ရရှိခံစားရမဲ့အကျိုးကျေးဇူး၊ လက်ရှိအခြေအနေများ၊ ပျက်စီးဆုံးရှုံးမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ၊ ဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုစသည့် ဗဟုသုတရဖွယ်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ် အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show)များ အဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရှိရသည်။

ခင်စန်းမြင့်