လားရှိုးမြို့တွင် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲပြုလုပ်

လားရှိုး ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင်  ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုး လူထုအခြေပြု ဗဟိုဌာနမိတ်ဆက်နှင့် လူမှုကွန်ယက် မီဒီယာအသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ မီဒီယာပြောင်းလဲလာပုံအဆင့်ဆင့်၊ သတင်းမှား/သတင်းမှန် ခွဲခြားသုံးသပ်ရေးစသည့် အကြောင်းရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်က မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး စတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်စသည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်း၊ အမှတ်စဉ်(၃)သင်တန်းသူများအား သုတ/ရသ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး