မိုင်းယု ဇွန် ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကားရာနေရာများသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်ကို ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေပြီး ယင်းစာစောင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပြဌာန်းချက်များ၊ ကလေးအလုပ်သမားများ၏ အဓိပ္ပါယ်များ၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ ပညာပေးကဗျာများ၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်နှင့် အခြားပညာပေး ဆောင်ပုဒ်များကို ထည့်သွင်းကာ ပညာပေးထုတ်ဝေထားကြောင်းနှင့် အဆိုပါစာစောင်များကို လူစည်ကားရာ လက်ဖက်ရည်ဆိုင်များ၊ ဈေးဆိုင်များနှင့် ကားဂိတ်များတွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်