မိုင်းစံ ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကမ္ဘ့ာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို ဖြန့်ဝေခဲ့သည်၊၊
အဆိုပါလက်ကမ်းစာစောင်တွင် 'သင့်ကြောင့်'အမည်ဖြင့် ကလေးအလုပ်သမားပပျောက်ရေးကဗျာတစ်ပုဒ်အပါအဝင် အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်နှင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များပါဝင်ပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် ဥပဒေစည်းမျဥ်းများကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်၊၊
မိုင်းစံ (ပြန်/ဆက်)