တောင်ကြီး ဇွန် ၁၂
ရှမ်းပြည်နယ်၊ ပြည်နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းက အေးသာယာမြို့၊ အေးသာယာစက်မှုဇုန်ကော်မတီရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ရုံးမှ ပြည်နယ်စစ်ဆေးရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်က ကလေးအလုပ်သမားအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းအကြောင်းအရာများ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် မူဝါဒနှင့်ဥပဒေအကြောင်းအရာ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အေးသာယာစက်မှုဇုန်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်