ရပ်စောက်၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်‌ကမ်းစာစောင် ဖြန့်ဝေ

ရပ်စောက် ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင့်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၁၁ နာရီ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ၌ ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ကမ္ဘာ့က‌လေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အား အစဉ်အမှတ်ရစေရန် ပြောကြားသည်။ ထို့နောက် အဆိုပါလက်ကမ်းစာစောင်တွင် အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ ‌ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ က‌လေးအလုပ်သမား၏အသက်အရွယ် စသည့်အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်