သဲကုန်းမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  မိုးစပါးရာသီတွင် မိုးစပါးဧက(၈၂၆၁၀) စိုက်ပျိုးရန် လျာထားစိုက်ပျိုးမည်

သဲကုန်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်ရည်ရွယ်၍ မိုးစပါး  (၈၂၆၁၀)ဧက စိုက်ပျိုးသွားရန် လျာထားကြောင်းသိရသည်။

သဲကုန်းမြို့နယ်တွင် ယခုနှစ်မိုးစပါးသီးနှံစိုက်ပျိုးမှုကို ကျေးရွာအုပ်စုပေါင်း(၆၃)အုပ်စုရှိ (၈၂၆၁၀) ဧကတွင် အင်းမရဲဘော်၊ မှော်ဘီ(၂)၊ ရတနာတိုး၊ ရက် (၉၀)၊ ဗီယက်နမ်၊ ထိုင်းနှံကောက်၊ YSR-1 စသည့် စပါးမျိုးများကို ကြဲခင်းများစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုး​ခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက် ဖြင့် စိုက်ပျိုးလျက်ရှိပြီး (၂၂၇၅၆)ဧက စိုက်ပျိုးပြီးစီးကြောင်းသိရသည်။

သဲကုန်းမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများထောက်ပံ့ပေးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်းများ၊ စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန် တောင်သူများအားနည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်​စေရေး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရတွက်ခြေကိုက်သည့် အထွက်နှုန်းမြင့်မားပြီးအရည်အသွေးကောင်းမွန်သော မျိုး​ကောင်းမျိုးသန့်စပါးမျိုးများအား တောင်သူများပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မြို့နယ်(ပြန်/ဆက်)