ကွန်ဟိန်း ဇွန် ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် ချယ်ရီမြေလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် (၁၁ )နာရီက မူလတန်းကျောင်းနှင့် မြို့မစျေးအနီး၌ ဖြန့်ဝေခဲ့သည်။
အဆိုပါ ချယ်ရီမြေလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး၊ စာရေးဆရာ မြနှင်းသုန်၏ သင့်ကြောင့် (ကဗျာ)၊အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမား၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပြဌာန်းချက်များစသည့် အသိပညာပေးအကြောင်းအရာများပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)