မိုင်းယောင်းမြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းယောင်း ဇွန် ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက အများပြည်သူဖတ်ရှုလေ့လာနိုင်ရေးအတွက် အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများထံ အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့သည်။

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ချယ်ရီမြေ လက်ကမ်းစာစောင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ စာရေးသူ မြနှင်းသုန်ရေးသားသည့်''သင့်ကြောင့်''ခေါင်းစဉ်ဖြင့် ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များဖြင့် အသိပညာဗဟုသုတရဖွယ် ကဏ္ဍစုံလင်စွာထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။     

ရာဇီ(ပြန်/ဆက်)