ပြည်ကြီးမဏ္ဍိုင်မြို့တွင် Mobile  Library  စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းမှုအား ကွင်းဆင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်    ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည်  ပြည်သူများ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့်  ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊အမှား နှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့်စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁  နာရီအချိန်ကမီးသတ်ဦးစီးဌာနသို့ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်းမှုအားကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့်စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍  မီးသတ်ဦးစီးဌာနသို့ စာအုပ်စာစောင်အသစ်များ တစ်ကြိမ်လျှင် (၁၅)အုပ်ဖြင့် အပတ်စဉ် သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင်လည်း အချိန်မရွေးစာအုပ်များအား အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ပြီး ဌာနဆိုင်ရာရုံးများတွင် တစ်ပတ်တစ်ကြိမ်၊  မြို့ပေါ်ရပ်ကွက်များတွင် လည်းနှစ်ပတ်လျှင်()ကြိမ်၊ စာဖတ်ပရိသတ် တစ်ဦးလျှင် () အုပ်နှုန်းဖြင့် လက်ဝယ်အရောက် စာအုပ်စာစောင်များအား လဲလှယ် ငှားရမ်းပေးခြင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် Online မှတဆင့်ပုံပြင်ပြောခြင်း၊စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Showအစီအစဉ်များရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ်လက် ဝယ်အရောက် စာအုပ်၊စာစောင်များငှား ရမ်းပေးလျက်ရှိကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)