မြောင်းမြ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြောင်းမြမြို့နယ် စာရေးဆရာအသင်းက မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ထပ်ဆင့်ရှင်းလင်းပွဲကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ တတိယအကြိမ် စာပေညီလာခံသို့ တက်ရောက်ခဲ့သော မြောင်းမြမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျင်စိုး (မောင်လှိုင်းသစ်−ချစ်စရာမြေ)က မြန်မာနိုင်ငံ စာရေးဆရာအသင်း ပေါ်ပေါက်လာပုံနှင့် စာပေညီလာခံ အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်း နာယကဖြစ်သည့် ဦးခင်စိုး(မောင်ပညာ)၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညီညီ (နေခြည်မောင်−မြောင်းမြ)နှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ အသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)