မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

မြောင်းမြ ဇွန် ၂၁

ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ(Talk Show)ဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သောရောဂါများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေ၊ ကာကွယ်ခြင်း နည်းလမ်းများနှင့် အနိုင်ငံတကာ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချခြင်းနည်းလမ်း အစီအစဉ်များကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါသည်။

ခရိုင်(ပြန်/ဆက်)