ဘူးသီးတောင်မြို့နယ်တွင်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဘူးသီးတောင်  ဇွန် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၁ နာရီ အချိန်တွင် ကျင်းပသည်။

ရှေးဦးစွာဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဘိန်းဖြူးဆေးထိုးမှုကြောင့် ဖြစ်စေတတ်သောရောဂါများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ အကြောင်းပြောကြားပြီး ရုပ်သံကျွမ်းကျင်၃ ဒေါ်ခင်ခင်အေးက မူးယစ်ဆေးစွဲလန်းမှုဖြစ်ပေါ်ရသည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ နည်းစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ပြန်လည်ထူထောင်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုမူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို Online အသိပညာပေး Facebook Page တွင် ထုတ်လွှင့်ပေးလျက်ရှိပြီး အများပြည်သူဗဟုသတရရှိစေသော အစီအစဉ်များကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)